စောင့်မျှော်နေသူက
င့်ေ၁၉၄၀ ပြည့်နှစ်မှာစစ်ကာလတုန်းက အသက် ၂၃နှစ်အရွယ် လောက်ရှိတဲ့ပန်းရောင်ဆိုတဲ့မိန်းကလေးတယောက်ရှိတယ်သူ့နာမည်အရင်းကတော့ ပျောက်ကွယ်ခဲ့တာကြာပါပြီအမြဲတမ်းပန်းရောင်သန်းနေတဲ့ပါး၂ဖက်ကြောင့်သူကိုချစ်တဲ့သူတွေကပန်းရောင်လို့ခေါ်ဆိုခဲ့တာလေအသက်၂၀လောက်မှာအိမ်ထောင်ကျခဲ့တဲ့ပန်းရောင်ဟာမိဘတွေပေးစားလို့သာလက်ထပ်လိုက်ရပေမယ့်စစ်သားတယောက်ဖြစ်တဲ့သူ့ခင်ပွန်းကိုအချစ်ကြီးချစ်နေသူပါ..အသားဖြူဖြူ ကြောင်မျက်လုံးကိုမှ
သဘောကျတတ်တဲ့ပန်းရောင်တယောက်ရွှေဝါရောင်အသားပိုင်ရှင် တည်ကြည်တဲ့မျက်နှာထားနဲ့မောင့်ကိုဘယ်တုန်းကချစ်မိသွားပါလိမ့်ဘယ်အချိန်ကတည်းက ရင်ခုန်မိပါလိမ့်တွးလက်စအတွေးတွေကိုဖြတ်ကာလူနာရဲ့ဗိုက်ကိုနှိပ်ပေးရင်း.နောက်တချက်ညှစ်ပါဦး ကလေးခေါင်းထွက်လာပြီလို့ပြောရင်းလောကထဲကိုရောက်လာတဲ့ဘ၀တခုကိုထွေးပွေ့ကာသူ့အမေလက်ထဲထည့်လိုက်ပါတယ်..
သူနာပြုတယောက်ဖြစ်တဲ့ပန်းရောင် သူမွေးပေးလိုက်တဲ့ကလေးကိုသူ့အမေချီထားတာကြည့်ရင်းကြည်နူးမိပေမယ့်.ကိုယ်ဝန်၎လနဲ့ပျက်ကျသွားတဲ့သူ့ကလေးအကြောင်းတွေးမိ၇င်းဝမ်းနည်းလာပါတယ်.အဲ့ဒီကလေးသာရှိခဲ့ရင်အခုဆိုလမ်းလျှောက်တတ်လောက်ပြီပေါ့ကလေးရယ်အမေ့ကိုခွင့်လွှတ်ပါကွယ် မင်းရှိမှန်းအမေမသိလိုက်ဘူးကွယ်
ပန်းရောင်ကျလာတဲ့မျက်ရည်တွေကိုဖယ်ရင်းဒီတခေါက်မောင်စစ်တဲ့သွားတာကြာလိုက်တာ အဆက်အသွယ်လဲမရဘူး ကြေးနန်းလဲမရဘူး ကျွန်မတော့ရင်မောလှပြီမောင်ရယ်
၃ ရက်အကြာ မှာတော့ပန်းရောင်တယောက် ပျော်လိုက်တာ သူငယ်ချင်း နီနီ့ကို နီနီ ရေ ကို့ဆီက ကြေးနန်းလာတယ် သူနောက်တပတ်ဆိုရောက်လာတော့မယ်တဲ့ သူအခုထွက်လာပြီတဲ့ .ကိုလာရင် ငါ ကိုကြိုက်တဲ့ အ၀ါရောင် အကျီ်လေးဝတ်မယ် အ၀ါရောင်လုံးဝမကြိုက်ပေမယ့် ကိုအကြိုက်ဆုံးအေ၇ာင်က အ၀ါေ၇ာင်လေ ပြီးရင် ကိုကြိုက်တဲ့ဟင်းတွေ ချက်ကျွေးမယ် ကိုက ဘာပဲဖြစ်ဖြစ် ကောင်းကောင်းစားတော့ ကိုအကြိုက်ဆုံးဟင်းကဘာလဲတောင်ငါမသိဘူး..ကိုလာရင်... ကိုနဲံအတူလျှောက်လည်မယ်..ကိုလာရင်.......ကိုလာ၇င်.နီနီတယောက် စောင့်မျှော်နေတဲ့သူပြန်လာမယ်ဆိုပြီးပျော်ကာစိတ်ကူးတွေယဉ်နေတဲ့ပန်းရောင်ကိုဘယ်လိုရှင်းပြရမလဲကံကြမ္မာက သူတို၂ယောက်ကိုခွဲရက်လေခြင်းနော်..ပန်းရောင်ရဲ့ကိုက ကြေးနန်းရိုက်တဲ့နေ့မှာပဲစခန်းကနေထွက်လာဖို့ပြင်ဆင်နေရင်းချောင်းမြောင်းပစ်လိုက်တဲ့ရန်သူရဲ့သေနတ်ကြောင့်ကျည်ဆန်ထိမှန်ပြီးနှလုံးတွေက တာဝန်ကနေအပြီးတိုင်ရပ်နားဖို့တောင်းဆိုလိုက်တယ်ဆိုတာဘယ်လိုပြောပြရမလဲနော်.. ဟဲ့နီနီ လို့ပြောရင်း နီနီ့ပုခုံးကိုလှုပ်နေတဲ့ပန်းရောင်က ဆက်ပြီး နင်ဘာတွေ တွေးနေလဲနီနီငါမေးနေတာမဖြေဘူးလား. ကိုလာရင် ငါ့အစားနင်ဂျူတီဝင်ပေးမလား အေးပါ ငါဝင်ပေးပါ့မယ်. နင်ရဲကို့ကို့ စောင့်နေနော်လို့ပြောတော့ ဒါကြောင့်နင့်ကိုချစ်နေရတာလို့ပြောရင်းကလေးတယောက်လိုလာဖက်နေတဲ့ ကလေးတယောက်လိုဟန်ဆောင်ကင်းတဲ့ပန်းရောင်ရယ်လောကကမှာဘာလို့များစောင့်မျှော်ရမယ့်အရာတွေကဒီလောက်များနေပါလိမ့်နော်..တစုံတယောက်က မျှဝေခံစားပေးရင်ကောင်းမှာပဲလို့တွေးရင်းဖြတ်သန်းလာတဲ့လေအဝေ့မှာပျံ့လွှင့်နေတဲ့ဆံနွယ်တွေကိုလက်ချောင်းတွေနဲ့အနောက်သိမ်းရင်အရာအားလုံးကိုဖုံးကွယ်ပစ်လိုက်ပါတယ်
တချက်ချက်မြည်နေတဲ့စက္ကန့်တွေကဆယ်စုနှစ်မြောက်မြားစွာအဖြစ်သို့ပြောင်းလလြာပေမယ့်မပြောင်းလဲနိုင်သေးတာကပန်းရောင်ပါပဲ..ဆယ်စုနှစ်တွေလွန်ခဲ့တာတောင်ချစ်ရတဲ့ခင်ပွန်းကိုစောင့်မျှော်နေသေးတာကပန်းရောင်ပါပဲ.ဘယ်လောက်ထိစောင့်မျှော်နေမိလဲဆိုတာဝိညာဉ်နဲ့ခန္ဒာကိုယ်တကွဲတပြားစီဖြစ်သွားကာခန္ဒာကိုယ်ကပြာအဖြစ်ပြောင်းလဲပြီး..စိတ်ဝိညာဉ်ကမကျွတ်မလွှတ်သေးတဲံတစ္ဆေတကောင်အဖြစ်ပြောင်းလဲသွားတဲ့အထိပါပဲ. ဆယ်စုနှစ်မြောက်များစွာဟာတစ္ဆေမလေးပန်းေ၇ာင်လိုပဲသူ သူနာပြုလုပ်ခဲ့တဲ့ ဆေးရုံကြီးကို အသင်အပြကောင်းလို့နာမည်ကြီးတဲ့ကျောင်းတကျောင်းအဖြစ်ပြောင်းလဲပစ်ဖို့လုံလောက်စေခဲ့ပါတယ်
တနေ့ကျောင်းသားတယောက် အခန်းထဲမှာနေ့ခင်းကြောင်တောင် ၀င်ခွင့်စာမေးပွဲဖြေနေတာကို ပန်ကာပေါ်ထိုင်ရင်း (မျက်နှာကျက်မှာတပ်ထားတဲ့ပန်ကာပါ) ပန်းရောင်တယောက် သူ့ခင်ပွန်းနဲ့တူလို့ငုံ့ကြည့်မိတာကို့ အဲ့ဒီ့ကျောင်းသားကမျက်နှာပြောင်ဆံပင်ဖျားလျားကြီးနဲ့သရဲမပန်ကာပေါ်ကဆင်းလာပါတယ်ဆိုပြီးကြောက်လို့သတိလစ်သွားတာမနည်းခြေမချိုးပြီးသတိပြန်လည်အောင်လုပ်ရတယ်..
ဟိုတနေ့ကလဲပဌာန်းရွတ်နေတဲ့ဆရာမကို ဘုရားစာမကြိုက်တဲ့တစ္ဆေမလေးပန်းရောင်တယောက်အနောက်ကနေခေါင်းပုတ်လိုက်တာအဲ့ဒီ့ဆရာမက နင်မကြိုက်ရင်နောက်မလုပ်ပါဘူးပြောပြီးတခြားအခန်းကိုပြေးသွားလေရဲ့တခြားသူတွေအမျှဝေတာတောင်မယူပဲအချစ်ကြီးသံယောဇဉ်ကြီးတဲ့ပန်းရောင်ကတော့သူ့ခင်ပွန်းကိုစောင့်မျှော်နေဦးမှာပါစကြာဝဠာပျက်သုန်းမယ့်နေအထိပေါ့..တခါတလေ လူခြေတိတ်တဲ့အချိန်တွေမှာ ဘယ်သူမှ ခလုတ်မနှိပ်ပဲပန်ကာတွေသူ့ဟာသူလည်နေတာတွေ..တံခါးခေါက်မယ့်မရှိပဲတံခါးခေါက်သံတွေ..စာရိုက်မယ့်သူမရှိပဲ ကွန်ပျူတာ ကီးဘုတ်ခေါက်သံတွေကတော့ ကြားနေဦးမှာပဲ
ဒါပေမယ့် ချစ်ရတဲ့သူကိုအချစ်စစ်အချစ်မှန်နဲ့ချစ်နိုင်တဲံတစ္ဆေမလေးပန်းရောင်ရဲ့အချစ်ဟာတကယ့်ကိုဂုဏ်ပြုထိုက်တယ်နော်
ဆောင်းဧကရီ

Trackbacks
Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.
The author does not allow comments to this entry
Comments
Display comments as Linear | Threaded