Skip to content

“အချစ်သည် Project တစ်ခုမဟုတ်ပါ”

အချစ်ကို Plan ချပြီး ချစ်လို့ရမယ်ထင်သလား ချစ်ညီ
အဲတာ အချစ်မဟုတ်တော့ဘူး၊

အချစ်ကို Analysis လုပ်ပြီး ချစ်လို့ရမယ်ထင်သလား ချစ်ညီ
အဲတာ အချစ်မဟုတ်တော့ဘူး၊

အချစ်ကို Sustainable development အတွေးနဲ့
မင်းချစ်လို့ ရမယ်ထင်သလား ချစ်ညီ
အဲတာ အချစ်မဟုတ်တော့ဘူး၊

အချစ်ကို Surveyor ခေါ်ပြီး
ရိုးသားခြင်း မရိုးသားခြင်း
အမှန်အကန် ဟုတ်မဟုတ်
အဖြေထုတ်ခိုင်း မလို့လား ချစ်ညီ၊
အဲတာ အချစ်မဟုတ်တော့ဘူး၊

အချစ်ဆိုတာ
မျက်တောင်တစ်ခတ်၊ လျှပ်တစ်ပြက်၊
အကြည့်ချင်းဆုံ၊ ရင်တွေခုံ၊
ပလုံဗွမ်း ဂွမ်းဆိုပြီး
ဖြစ်လာတာ၊
တစ်ကယ် ချစ်ဖူးသူမှ သိလိမ့်မယ်။ ။

Categories : Poems , Comments :

အိပ်မက်ရေ ပြောချင်တယ်

အိပ်မက်ရေ
အင်တာနက်တွေလဲ အတန်အသင့် မြန်နေပြီ
ဟိုတုန်းကလို ဟိုကျော်သည်ခွ လုပ်စရာလဲ နည်းပါးသွားပြီ
အခုတော့ ငါ မြန်မာပြည် ပြန်ရောက်နေပြီ
မင်းရော
အရင်လို မဟုတ်တော့ပဲ အေးတိ အေးစက် အိပ်မက်ဖြစ်နေပြီ
အဲဒါ လူတွေရဲ့ အတ္တ နဲ့ သစ္စာတရား ကြောင့်လေလား

Categories : Essay , Comments :

အိပ်မက်ရေ

အချိန်တွေလည်း ပြောင်းလဲခဲ့ပြီ
ဘ၀ဆိုတာ သည်လိုပါဘဲ
ဒါပေမဲ့
ကိုယ် မင်းဆီကို ရောက်အောင်လာခဲ့တယ်
နှစ်ကူးတော့မယ် အိပ်မက်ရေ

Comments :