ဒီရုပ်ရှင်ကို
မကြည့်သင့်မှန်းသိလျှက်နှင့်
သွားကြည့်မိသည်မှာ
ကျွန်မကိုကိုယ် ကျွန်မအသဲမာတတ်ပြီလို့ 
လျော့တွက်ခဲ့မိလို့ ပါ
လူတွေရုပ်ရှင်ကြည့် ကြတာဘာကြောင့်ပါလိမ့်
ကျွန်မကတော့ ရုပ်ရှင်လဲသိပ်မကြည့်ဖြစ်ပါ
ရုပ်ရှင်ဆိုတာပျော်ချင်လို့ ကြည့်တာ
မို့ ကြည်ြ့ပီးရင် စိတ်ထဲစွဲကျန်ရစ်
မျက်ရည်ဝဲရမဲ့အဖြစ် ပိုက်ဆံပေးပြီး
ကိုယ့်အပူကိုယ်မရှာချင်ပါ...
ဒါကြောင့် ကြည့် ရင်လဲ
ရုံထဲကထွက်လာပြီးရင် မေ့မေ့ပျောက်ပျောက်
ဖြစ်သွားပါစေမယ့်
ရှေ့ပိုင်းမှာ ဘာမှန်းမသိလိုက်ပဲ
နောက်ဆုံးမှ ဂြိုလ်သား ကြီး တွေ
ရုတ်တရက် ထွက်လာတတ်သည့် ဂြိုလ်သားကားတွေပဲ
ကြည့်လေ့ရှိသည်
တခါတရံတော့ ကြည့်သင့်သည်ဟု ယူဆပြီး
ဗဟုသုတအနေနှင့် 
ရွှေနွယ်ရိုးဆိုသည့် လွမ်းရုပ်ရှင်လေး Forest Gump,
Cast Away နှင့် Titanic
တို့ ကြည့်မိပြီး ကိုယ့်ကိုကိုယ်နောင်တရလို
့မဆံုးတော့
ဘ၀မှာ ချစ်သူနှင့် တခါမှ
ရုပ်ရှင်မကြည့်ဖူးသူသည်လဲကျွန်မသာဖြစ်လိမ့်မည်
ချစ်သူနှင့် နှစ်ပေါင်းများစွာ
ပင်လယ်တွေခြားလို့  နေခဲ့ရပေမယ့်
ချစ်သူနှင့်မှ ရုပ်ရှင်ကြည့်မည်ဟု
ရူးသွပ်စွာနှင့် ဆယ်ကျော်သက်အရွယ်က
ဆုံးဖြတ်ခဲ့သည့်အတိုင်း သူနှင့်
ဝေးနေခဲ့စဉ် ကာလများမှာ တခါမှ
ရုပ်ရှင်မကြည့်ခဲ့
ချစ်သူကို ထားခဲ့သောနေ့ က မိုးများ
ရွာနေခဲ့ပါသည်
ဖိနပ်စီးမထားသော ကျွန်မတို
့ခြေထောက်တွေအောက်မှ
အေးမြသော ကျောက်သားပြင်ဖြူဖြူထက်တွင်
မိုးရေများ စီးဆင်းနေခဲ့သည်
မျက်နှာချင်းဆိုင် မတ်တပ်ရပ်လို့
စကားမဆိုဖြစ်ခဲ့ကြသော ကျွန်မတို့
ကိုယ်ပေါ်သို့
မိုးရေစက်နှင့် အတူ ညောင်ရွက်ဝါအချို့ 
လွင့်ကျလာသည်
ငါးနှစ်စောင့်မယ်ဟု
ချစ်သူရက်ရောစွာပြောပြီး စနေထောင့်တွင်
ရေလှုနေခဲ့ စဉ်က
ခပ်ဝေးဝေးမှရပ်ကြည့်နေခဲ့ ရင်း တိတ်တဆိတ်
ကြေကွဲနေခဲ့ သည်
မရေရာသောလမ်းမှာ လျောက်လှမ်းခဲ့ ရင်း
ကုန်ဆုံးသက်တမ်းရက် အကန့်အသတ်မရှိသော
လက်ဆောင်ရဖူးသော
ရုပ်ရှင်လက်မှတ်လေး နှစ်စောင်အား
ချစ်သူနဲ့မှကြည့်မည်ဟုရည်စူးလို့
ယွန်းဗူးလေးထဲ ထည့်ထားခဲ့ ဖူးသည်
ခုနှစ်နှစ် ခုနစ်မိုးဆိုသည်မှာ
ဟိုးလူကြီးတွေခေတ်မှာပဲရှိခဲ့တာ မဟုတ်ပါ
ကျွန်မတို့  တကယ်ကို ခုနှစ်နှစ် ခုနှစ်မိုး
ချစ်ခဲ့  ကြပါသည်..
ချစ်သူကို ၀န်ခံခဲ့တဲ့ အတိုင်း
မိုင်ပေါင်းထောင်သောင်းချီလို
့နှစ်များစွာ ဝေးနေခဲ့ ကြစဉ်အချိန်တွေမှာ
တခါတရံတော့ ကျွန်မကို
စိတ်ဝင်စားသူတချို့နှင့်  ကော်ဖီဆိုင်
အအေးဆိုင် ထိုင်ဖူးခဲ့ ပါသည်
သူတို့  နှင့်  တွဲပြီး အအေးဆိုင်ထိုင်ခဲ့ 
စဉ်ကလူမြင်ခံရမှာ ရှက်သလိုလို
သူတို့ စားတဲ့သောက်တဲ့ ပုံကပဲ
တခုခုမှားနေသလိုလို
ကိုယ့်ကိုအကောင်းနှင့် ချီးမြှင့်ပြောတဲ့
သူတိုစကားတွေကလဲ အရှက်ရစေသလိုလို
နှင်းဆီပွင့်ကို ကားရေသုတ်တံမှာ
လာညှပ်သွားတဲ့ သူတို့ ရဲ့ လုပ်ရပ်ကပဲ
ဒေါသထွက်စရာလိုလို
ကုန်ကုန်ပြောရလျှင် သူတို့ ၏ စကားလုံးများ
လုပ်ရပ်များအားလုံး သည်
ကျွှန်မအတွက်
စိတ်တိုင်းမကျစရာများသာဖြစ်နေခဲ့ ပါသည်
ဒါတွေအားလုံးသည် သူတို့၏ လိုအပ်မှူများထက်
ကျွန်မ၏ စိတ်ခံစားချက်သာလျှင်
ဖြစ်ပါလိမ့်မည်
ထူးဆန်းလွန်းပါသည်
ချစ်သူနှင့်  ကံ့ကော်တန်းမှာ တွဲလျှောက်ခဲ
့စဉ်ကလို
ကိုယ့်ကိုကိုယ် အလှဆုံး
မိန်းမတယောက်လိုခံစားခဲ့
ရသောခံစားချက်မျိုး
အရာရာဟာလဲမယုံနိုင်လောက်အောင်ပဲ
သိမ်မွေ့လှပလွန်းနေခဲ့သည့် ခံစားချက်မျိုး
ပတ်ဝန်းကျင်တစ်ခုလုံးသည်လဲ
အေးမြငြိမ်သက်နေသည့် ခံစားချက်မျိုး
အလွန်ဖြူစင်သော အချစ်မျိုး ဘယ်သောအခါမှ
ရရှိနိုင်တော့မည်မဟုတ်ဆိုတာကို
တပ်အပ်သိခဲ့ပါသည်
ငယ်ရွယ်နုပျိုသည့်  အရွယ်တွင် ချစ်သူကို
လွမ်းဆွတ်ခြင်း
သုများချစ်သူ စုံတွဲလေးတွေ shopping mall တွေထဲမှာ
လက်ချင်းတွဲလို့ 
သွားလာနေကြတာကိုငေးမောရင်း ချစ်သူထံမှ
စာလွှာလေးတွေကို စောင့် မျှော်ရင်းနှင့် 
ကျွန်မ၏အချိန်တွေကုန်ဆုံးခဲ့ ပါသည်
သူငယ်ချင်းများနှင့် ခရီးတိုလေးတွေမှ
အပြန်တိုင်းလဲ ကျွန်မရဲ့ ကမ
္ဘာငယ်လေးဖြစ်သည့် 
အခန်းလေးထဲမှာ ချစ်သူကို လွမ်းဆွတ်ရင်း
နှစ်တွေ ကြာခဲ့ ပါသည်
ချစ်သူကို ကျွန်မ ဘယ်သောအခါကမှ
ကြိုးရှည်ရှည်နှင့်  လှန်မထားခဲ့ ပါ
နှစ်ပေါင်းများစွာစောင့်  နေခဲ့ ရန်လဲ တခါမှ
မတောင်းဆိုခဲ့  ပါ
ကျွန်မထက် ချစ်ရမည့်သူ တွေ့ ရင်လဲ
သဘောထားကြီးစွာ ကျွန်မ နောက်ဆုတ်ပေးမည်ကို
ချစ်သူကို အသိပေးထားပြီးလဲ ဖြစ်ပါသည်..
သို့ သော်ချစ်သူနှင့်  ပေါင်းဆုံ
ရန်ရည်စူးပြီး ပညာရေးအပါအ၀င်
ဘ၀၏ကြီးမားသော ဆုံးဖြတ်ချက်များကို
ချစ်သူအတွက်အမြဲ ထည့် တွက် စဉ်းစားပြီးမှ
ဆုံးဖြတ်ခဲ့ ပါသည်
သုံးနှစ် အကြာတွင် ချစ်သူနှင့်  ပထမအကြိမ်
ရန်ကုန် Main Campus Library
ရှေ့မှာ ပြန်ဆုံခဲ့  စဉ်ကလက်ဆွဲနှူတ်ဆက်ခဲ့ 
ကြဖူးစဉ်က
ကျွန်မတို့၏ သူငယ်ချင်းများက
ရယ်မောခဲ့ကြပါသည်
ကျွန်မကို အံ့သြစွာကြည့်ရင်း
ကျောင်းကြီးတခုလုံးမှာအလှဆုံးဟုချစ်သူပြောခဲ့
သည်ကို
သူပြောတာမဖြစ်နိုင်မှန်းသိခဲ့ပေမဲ့ချစ်သူနှင့်ဆိုလျှင်
ကမ္ဘာပေါ်မှာ ကျက်သရေအရှိဆုံး
မိန်းမတယောက်လို
ခံစားနေခဲ့ ဆဲဖြစ်ပါသည်
အဲဒီတုန်းကတော့  ဘ၀ရှေ့ 
ရေးအနည်းငယ်ပြောဖြစ်ခဲ့  ကြသည်
ချစ်ရသူနှင့်
ပေါင်းစည်းနိုင်ခြင်းဆိုသည်မှာ ဘ၀၏
အောင်မြင်ခြင်းတစ်ခုဟု ချစ်သူပြောခဲ့ 
ပါသည်
ဒုတိယအကြိမ် Singapore Jurong West က
သစ်ပင်တန်းအောက်မှာဆုံ ခဲ့  စဉ်ကတော့ 
ချစ်သူနှင့်  သူ၏ Singaporean စကပ်တိုတို
မိန်းကလေးကို လက်ဆွဲနှူတ်ဆက်ခဲ့ ပါသည်
ချစ်သူ၏ကြေကွဲနေသောမျက်ဝန်းများ၏
စကားသံများကို ကျွန်မတို့ ၏ ခုနှစ်နှစ်
ဇတ်လမ်းကိုသိသည့် 
ချစ်သူ၏မိန်းကလေးက နားလည်ပေးသည့် အနေနှင့် 
ခပ်လှမ်းလှမ်းက အုန်းပင်ပျိုအောက်မှာ
ရှောင်ပေးနေခဲ့  ပါသည်..
ချစ်သူတို့ ဇနီးမောင်နှံအတွက် လက်ဖွဲ့
ထဲတွင် ခုနှစ်နှစ်နီးပါးသက်တမ်းရှိသည့် 
အရောင်လွင့် 
ပျယ်ခြင်းမရှိသေးသောရုပ်ရှင်လက်မှတ်လေးနှစ်စောင်ကိုပါ
ထည့်သွင်းလက်ဖွဲ့ခဲ့ပါသည်
ချစ်သူနှင့်ကျွန်မအဖြစ်ကိုတွေးလို့
တခါမှမငိုကြွေးခဲ့ပါ
ဒီရုပ်ရှင်ကို မကြည့်သင့်မှန်းသိရဲ့နှင့်
သွားကြည့်မိသည်မှာ ကျွန်မကိုကိုယ်
ကျွန်မအသဲမာတတ်ပြီလို
လျော့တွက်ခဲ့မိလို့ ပါ။ ရုပ်ရှင်ထဲမှာ
မင်းသမီးက မျက်ရည်ဝဲ သော မျက်ဝန်းများနှင့် 
သူချစ်တဲ့ သူကို ကြည့်ပြီး သူ့ဘ၀ရဲ့ 
ခြေလှမ်းတိုင်းဟာသူ
့ချစ်သူနဲ့နီးရဖို့ပါဟုပြောခွင့်ကြုံခဲ့
ပါသည်
ကျွန်မကတော့ ကျွန်မရဲ့ အထီးကျန်
ခြေလှမ်းဟောင်းလေးတွေ အကြာင်း
ဘယ်သောအခါမှ ပြောခွင့်ကြုံလိမ့်မည်
မဟုတ်တော့ပါ
ရုပ်ရှင်ရုံ မီးများ လင်းလာချိန်တွင်တော့
ပါးပြင်မှ မျက်ရည်များကို ခပ်ကြမ်းကြမ်း
သုတ်လိုက်ရင်း
အချစ်ကားတွေ ဘယ်တော့မှ မကြည့် တော့
ဟုဆုံးဖြတ်လိုက်ပါတော့ သည်
ချစ်သူပြောခဲ့သလို ချစ်ရသူနှင့်
ပေါင်းစည်းနိုင်ခြင်းဆိုသည်မှာ ဘ၀၏
အောင်မြင်ခြင်းတစ်ခု အမှန်တကယ်
ဖြစ်ခဲ့မည်ဆိုလျှင်
ကျွန်မတို့သည် ဘ၀၏ရည်မှန်းချက်များကို
ဖြည့်ဆည်းရင်း ရှုံးနိမ့်ခဲ့ကြသူများသာ
ဖြစ်ပါလိမ့်မည်။