လမသာတဲ့ ညမိုက်တစ်ညမှာ
အလင်းပျောက်ခဲ့တဲ့ ငှက်တစ်ကောင်လို
အခုတော့ ငါ့ဘ၀မှာအရာရာ
မှောင်မိုက်ခြင်းအပြည့် စမ်းတ၀ါးဝါးနဲ့ ...
မေတ္တာစစ်နဲ့
ပေးဆပ်ခဲ့တဲ့ အချစ်တွေက
(ချစ်ရတဲ့) သူ့တစ်ယောက်အတွက်တော့
သဲထဲရေသွန် အရာမထင်ခဲ့လေသလား ...
တွေ့ဆုံခြင်းအစမှာ
နောက်ကောက်ကျခဲ့ပေမယ့်
ကံကြမ္မာကြောင့်လို့ပဲမှတ်ယူ
နာကျင်ခြင်းကိုဟန်လုပ်
ခဏတာအချိန်လေးအတွင်း
ချစ်သူပျော်ရွှင်အောင်နေပေးခဲ့တာ
ရင်နှင့်အမျှကျေနပ်ခြင်းအပြည့်နဲ့ပါ ....
(အချိန်တန်တော့လည်း)
မိုးနဲ့မြေအလှမ်းကွာဝေးခဲ့သလို
ပြဒါတစ်လမ်း သံတစ်လမ်းနဲ့
ဆက်စပ်ခွင့်မရှိနိုင်တဲ့
ဒို့နှစ်ယောက်ဘ၀တွေက
နေအ၀င် မိုးအချုပ်မှာ
အရာအားလုံးအလင်းမဲ့
ဆယ်ယူလို့မရနိုင်အောင်
စုန်းစုန်မြှပ်ခဲ့ရပြီ ချစ်သူရယ် ...။ ။
(မီးချစ်လေး)