သူတို့ဘက်က
တစ်လကြိုမပြောလို့ကော
လျော်ကြေးတောင်းမလို့လား တောင်းပန်ပါတယ်
အလုပ်အရမ်းများနေလို့
မေ့သွားလို့ပါဘာညာနဲ့ လေပြေလေးတွေ
ပေးလိမ့်မယ်။
မကျေနပ်လို့ တိုင်တဲ့သူရှိမှာပေါ့ကွာလို့
အထွန့်တက်ဦးမလား
တော်တော်များများက သုံးလစာလေး
လျော်ကြေးရဖို့အရေးနဲ့ အရှည်အရှည်
ဖြစ်ပြီး
အင်ဂျီအိုလောကမှာ အလုပ်ရဖို့
တက်လမ်းပိတ်မှာ စိုးရိမ်ကြလို့
ငြိမ်သွားကြတာများတယ်။ ငါ့ကို
အဲ့လိုလုပ်လို့ကတော့ ILO
ပါတက်တိုင်ပလိုက်မယ်၊ ငါ့ဘာကောင်မှတ်လဲ
အစရှိသဖြင့် ဆင်ဖမ်းမယ်၊
ကျားဖမ်းမယ်နဲ့ ကြိမ်းဝါးကြတဲ့သူများလည်း
ရှိပါတယ်။ အနှီဆရာသမားများလည်း
ကိုယ်တိုင်ကြုံရတဲ့အချိန်ကြရင်
ဆင်ဖမ်းဖို့ ကျားဖမ်းဖို့နေနေသာသာ
ဟိုကလာတဲ့ လေပြေလေးနဲ့တင် ပုရွတ်ဆိတ်ကိုက်
ဖြုတ်ကိုက်တာနဲ့ သေသွားကြပါတယ်။
တစ်ချို့အဖွဲ့အစည်းများက
တစ်မျိုးတီထွင်စမ်းသစ်ကြသေးတယ်ခင်ဗျ။
ဥပမာဗျာ ဒရိုင်ဘာတစ်ယောက်ကို
ဒီလကုန်လို့ ကွန်ထရက်ရပ်ရဖို့
ရှိလာပြီဆိုပါတော့ အနှီဒရိုင်ဘာကို
ခွင့်လက်ကျန်တွေ အကုန်ယူခိုင်းတယ်။
အနှီဒရိုင်ဘာက အဲ့ဒိခွင့်မယူရင်
သူတို့က ပိုက်ဆံပြန်အမ်းရမှာစိုးလို့တဲ့။
မယူဘူးလို့ အထွန့်တက်ခိုင်းမလား၊
သွားမတိုက်တွန်းနဲ့
ခင်ဗျားလူမိုက်ဖြစ်သွားမယ်၊ သူတို့ရဲ့
အနာဂတ်
အင်ဂျီအိုလောကမှာ အလုပ်မရမှာကို
ပိတ်ပင်တဲ့သူလို့ သတ်မှတ်ပြီး မိတ်ဆွေကနေ
ရန်သူဖြစ်သွားမယ်။ ဟုတ်တယ်လေ
နောက်အလုပ်လျှောက်ရင်
အရင်လုပ်ခဲ့တဲ့အလုပ်က
ထောက်ခံချက်လေး လိုသေးတယ်။ ခင်ဗျားက
ခွင့်အတင်းယူခိုင်းတာမယူရင်
သူတို့ကလည်း နောက်အလုပ်က ခန့်ခါနီး
ခင်ဗျားကို ဘယ်လိုနေလည်း လှမ်းမေးရင်
အထက်လူကြီးစကား မလိုက်နာဆိုတဲ့
စကားတစ်ခွန်းနဲ့တင် ခင်ဗျား
အလုပ်ရဖို့မစဉ်းစားနဲ့တော့။
ကဲကွာ အဲ့ဒိဒရိုင်ဘာမှာ
ခွင့်ရက်မရှိတော့ ဘာမှမဖြစ်ဘူးလားလို့
မေးမလား၊ ကျန်တဲ့ဒရိုင်ဘာတွေ နာပြီပေါ့။
သူတို့ရဲ့ ခွင့်လက်ကျန်တွေကနေ
လှည့်ပါတ်ပြီး
ယူခိုင်းတော့တယ်။ ကျန်ဒရိုင်ဘာများ
ခွင့်ယူနေတဲ့အချိန်မှာ ကွန်ထရက်နားမဲ့
ဒရိုင်ဘာက အခြားခွင့်ယူသူများရဲ့ ကားကို
လှည့်ပတ်မောင်းတာပေါ့။
သူတို့အခေါ်တော့ ၀ရလီဗင်ပေါ့
အစားဝင်မောင်းတဲ့သဘော။ မင်းကွာ
သူတို့ခွင့်သူတို့ ယူတာ
မနာလိုစရာရှိလားကွလို့ မေးဦးမလား၊
နောင်မှာ
ခွင့်ယူစရာမရှိရင်တော့ ဘာမှမဖြစ်ဘူးပေါ့။
ကျန်ခဲ့တဲ့ ဒရိုင်ဘာတွေထဲက
လိုအပ်လို့ အရေးပေါ် ခွင့်ရက်ရှည်ယူဖို့
နောင်မှာ ကြုံလာရင်လား
လက်ကျန်ခွင့်နဲ့မလောက်ရင် Without Pay Leave
ယူလိုက်ပေါ့လို့ပဲ
ပြောစရာရှိတာပေါ့။
မင်းကွာ
ငါတို့အိမ်ဘေးက အစ်ကိုကြီး သူတို့အဖွဲ့က
နိုင်ငံခြားမှာအစည်းအဝေးလွှတ်လို့
သွားတက်ရတယ်ကွ မကောင်းတာတွေချည်း
မရေးပါနဲ့လို့ ပြောမလို့လား၊
အဲ့ဒိသွားရတဲ့သူ အရမ်းကံကောင်းတယ်လို့
မှတ်လိုက်။ ထီထိုးမယ်တော့
မစဉ်းစားနဲ့ ဘာလို့လည်းဆိုတော့
သူ့နိုင်ငံခြားသားကောင်းလို့ သူသွားရတာ။
အဲ… အဲ့ဒါတွေအားကြပြီးများ
နိုင်ငံခြားသားတွေ အကုန်ကောင်းတယ်လို့
မှတ်ယူလေမလား၊ ဆောရီးပဲ မိတ်ဆွေ
နောက်ပိုင်းမှာ အသင်မှားတယ်ဆိုတာ
တွေ့လိမ့်မယ်။ ညရေးများလည်း မှတ်ထားနော်
ဖြူဖြူမြင် အထင်မကြီးနဲ့ သိရား
ကိုရီးမိုက် အသားမဲလို့ ပြောတာဟုတ်ဘူး… အဟဲ
ကြေငြာဝင်လိုက်တာ။
နာဂစ်နှမပျို ၀င်မွှေသွားလေတော့ ဧရာဝတီ
စပါးကျီကြီး ဖြူကာပြာကာ
ကြသွားချိန်မှာ အနှီအဖွဲ့တွေ့က ဆရာသမားများ
မမများ အတော် ခိုင်သွားတာ
အများသိမှာပါ။
နာဂစ်ကြီးဝင်လို့
တစ်နှစ်ကျော်လောက်မှာ UN က ကမကထလုပ်လို့
နာဂစ်တုန်းက အတွေ့အကြုံရှိ
မြန်မာနိုင်ငံသား၊ နိုင်ငံသူများကို
တစ်ဘက်နိုင်ငံမှာ ခေါ်လို့ အာရှရဲ့
နာမည်ကြီးစာရင်းဝင်တဲ့ တက္ကသိုလ်တစ်ခုမှာ
နောင် အဲ့ဒိလို သဘာဝဘေးဒဏ်တွေ
ကြုံတွေ့ခဲ့ရင် ထိရောက်စွာ
အကူအညီပေးနိုင်ရန်
ရက်တိုသင်တန်းတက်ခိုင်းပြီး
ဒီပလိုမာပေးဖို့ လုပ်ခဲ့ပါတယ်။ အဲ့ဒိအတွက်
သက်ဆိုင်ရာ အဖွဲ့အစည်းကနေ
စိတ်ပါဝင်စားသူများ တက်နိုင်ရန်အတွက်
စာရင်ပေးရန် အဖွဲ့အစည်းအသီးသီးရဲ့
အကြီးဆုံးဆိုတဲ့ (တစ်ချို့ကတော့
သုံးစားမရလို့ အကြီးဆုံး ရာထူးပေးထားသလား
မှတ်ရလောက်အောင် တော်တယ်ဗျာ)
အဖြူကောင်များစီ အီးမေးလ်လှမ်းပို့ပါတယ်။
မင်းကွာ မဟုတ်တာလျှောက်မပြောနဲ့
မခေါ်ပါဘူးလို့ ငြင်းဦးမလား၊
မိုက်မိုက်သူငယ်ချင်း စောလှိုင်စီမှာ
အဲ့ဒိအီးမေးလ် အခုထိ သိမ်းထားသေးတယ်။
သူက
အဲ့ဒိအီးမေးလ်တောင် သိမ်းထားနိုင်မှတော့
သူ့လူကြီးကောင်းလို့လို့
အထင်ကြီးမိသလား မှားမယ်မိတ်ဆွေ။ ဟိုချောင်
ဒီချောင်ကနေ ကံကောင်းလို့
အဲ့အီးမေးလ်သူရတော့ ပရင့်ထုတ်
အဲ့စာရွက်ကိုင်လို့ အနှီ အကြီးဆုံးဆိုသော
အဖြူကောင်စီ ချီတက်သွားလေရဲ့။ မင်းဒီစာ
ဘယ်ကရတာလဲ ဘာလဲဆိုပြီး တရားခံစစ်
စစ်ပြီးသကာလ ဘယ်လိုမှ အပြစ်တင်မရတဲ့အခါမှသာ
မင်းတက်ချင်တက်လေဆိုပြီး
စိတ်မပါတပါ တိုက်တွန်းရှာတယ်။ အဲ့ဒါနဲ့
စောလှိုင်လည်း တက်တာတော့ ဟုတ်ပါပြီ၊
ဟိုမှာနေဖို့ ထိုင်ဖို့
ဘယ်လိုစီစဉ်ပေးမှာလဲ ဘာလဲနဲ့မေးလိုက်တော့
အေးကွာ
ငါ စီမံနဲ့တိုင်ပင်ပေးမယ်ဆိုလို့
စောလှိုင်တစ်ယောက် အားတက်သရော
ပါ့စပို့တွေဘာတွေ လျှောက်ထားတာ၊ ရုံးချုပ်က
ဘတ်ဂျက်ချမပေးသေးလို့
ဒီတစ်ခေါက်တော့ လျှော်လိုက်ပါကွာ
နောက်တစ်ခေါက်တက်ပေါ့ဆိုတဲ့စကားနဲ့
ပါ့စပို့လက်မှာ ကိုင်ထားလေရဲ့။
အမယ်
အဲ့ဒိအဖြူဆိုတဲ့အကောင်တွေကလား ယူလိုက်တဲ့
ခွင့်တွေ တစ်နှစ်မှာ လေးလလောက်
ရှိတယ်။ ဆင်ခြေကလည်း ရှိသေး
ဗီဇာသက်တန်းကုန်သွားလို့ ခဏပြန်တာဆိုတာက
တစ်မျိုး။ သူတို့ဆို သွားတက်လိုက်တဲ့
အစည်းအဝေးတွေ အင်ပရုမန့်
(Improvement) ဆိုတဲ့ ခေါင်းစဉ်နဲ့
ကျင်းပတဲ့သင်တန်းတွေဆိုတာ
မိုက်မိုက်တို့ရန်ကုန်က ဘပ်စ်ကားတွေ
ပြည့်ကြပ်ငြပ်သလောက် သူတို့မှာလည်း
ဆကပ်ဂျူးတွေ (Schdule နော် အသံထွက်ရေးထားလို့
တစ်မျိုးထင်မှာစိုးလို့
ဘိုလိုနည်းနည်း ထည့်မှုတ်ထားတာ)
အပြည့်ပေါ့ခင်ဗျာ။ ဟ အဲ့ဒါဆို အဖြူတွေက
မကောင်းဘူးပေါ့လို့ ပြောမလို့လား
ကောင်းတဲ့အဖြူများကြပြန်တော့လည်း
မိုက်မိုက်တို့လူမျိုးနဲ့ မတည့်ပြန်။
တွေ့ဖူးတဲ့ တစ်ယောက်ဆို
အရမ်းသဘောကောင်း၊ မြန်မာတွေအပေါ်လည်း
နားလည်မှုအပြည့်ရှိလေရဲ့။
အဲ့လိုလူမျိုးကြပြန်တော့လည်း
ရွှေမြန်မာများက သူ့ကြ
အခွင့်အရေးပိုပေးတယ်၊
ငါ့ကျနည်းတယ်၊ ဟိုတစ်ယောက်ကြ
မျက်နှာသာပေးတယ် ဘာတယ်ညာတယ်နဲ့
နောက်ကွယ်ကနေ
ပယ်ပယ်နယ်နယ် တိုင်စာတွေနဲ့ တွယ်လိုက်တော့
ဟိုခင်မျာလည်း စိတ်ညစ်လို့
ပြန်ပြေးလေရဲ့။
ဟာကွာ
မင်းကလည်း အဲ့လိုမပြောပါနဲ့ ငါတို့အိမ်ဘေးက
ညီမလေးတစ်ယောက်ဆို
အင်ဂျီအိုမှာလုပ်နေတာ ညဘက်ဆို နောက်ကြမှ
ပြန်ရတာကွ၊ သူတို့အဲ့လောက်
အလုပ်များတာလည်း ထည့်ရေးဦးလို့
ပြောဦးမလား၊ ဟုတ်ကဲ့ အလုပ်အိုဗာတိုင်
ဆင်းရတာတော့ ရှိပါတယ်၊
တကယ်အလုပ်များတဲ့သူလည်း ရှိပါတယ်၊
စာရင်းစစ်တို့ဘာတို့ လာမယ်ဆိုရင်တော့
အလုပ်များတတ်ကြပါတယ်။
ကျန်တဲ့အချိန်တွေလား ပါတီတက်နေတာရယ်
အဖြူကိုကိုများစီမှာ
အိုဗာတိုင်ဆင်းတာရယ် ရှိသဗျား။
တစ်ချို့ရွှေမမများက (မြန်မာကို ရွှေလို့
ခေါ်တာကို ပြောတာနော်) အဖြူကို
ပိုင်အောင်ပေါင်းလို့ လုပ်ချင်တာလုပ်လို့
ရအောင်ကြံဆောင်ကြတယ်ဗျာ။ ကိုယ် ရင်းရမလား
လာထားပဲ။ အဲ
ကိုယ့်မြန်မာအချင်းချင်း အဲ့လိုလားလို့
သွားမေးမလား လုပ်လိုက်မိတ်ဆွေ
ပါးရှစ်စိပ်ကွဲတဲ့အပြင် အမျိုးသမီး
စွမ်းဆောင်ရှင်နဲ့ အတိုင်မခံရရင်တောင်
ကံကောင်းတယ်လို့ မှတ်ပြီး အဲ့ဒိနေ့
ထီသာထိုးလိုက်။
တစ်ခါက
မိုက်မိုက်လည်း အလုပ်အားတာနဲ့ ညီငယ်
စိန်လင်းအောင် မောင်းတဲ့ ကက ကားနဲ့
အဖော်လိုက်ဘူးတော့ ကြုံတာလေး
ဖောက်သည်ချလိုက်ပါ့မယ်။
နေ့လည်ပိုင်းမှာကားကို အဆိုပါ
အင်ဂျီအိုရုံးရှေ့ကနေ မမတစ်ယောက်နဲ့
အဖြူတစ်ယောက် ငှားတယ်ခင်ဗျ။ ငှားတာကတော့
ရှစ်မိုင်နားက အဖြူနေတဲ့အိမ်ကို
သွားဖို့ပါပဲ။ မိုက်မိုက်တို့ကို
အင်္ဂလိပ်စကား လေးစိပ်ကွဲအောင်တောင်
မတတ်တဲ့သူတွေလို့ မှတ်ယူထားတဲ့ အဆိုပါ မမက
အလုပ်အကြောင်းတွေ ကားပေါ်မှာ
အဖြူကောင်ကို ပြောပါတော့တယ်။ စကားများကတော့
မင်းလက်မှတ်ထိုးပေးပါ အဲ့ဒါမှ
သူတို့ဘာမှ မပြောရဲမှာ ဒါဆို
စာရင်းကိုက်တာလည်း အဆင်ပြေပီ ဘာညာပေါ့။
သူတို့အပြောအရ ကွာခြားတဲ့ ပိုက်ဆံအမောင့်က
သိန်းရာဂဏန်းနီးပါဗျ။ အဲ့ဒါနဲ့
အဖြူကောင်ကလည်း အိုကေလေ မင်းအလုပ်
အဆင်ပြေအောင် ငါကြည့်လုပ်ပေးပါ့မယ်
ဘာညာနဲ့ ပြန်ပြောရင်း အိမ်မပြန်သေးဘူး
တစ်နေရာသွားနားမလား
လို့စကားစလိုက်တာ မမက ဟိုတယ်တစ်ခုကို
မောင်းခိုင်းလိုက်ပါတယ်။
ဟိုတယ်ရှေ့မောင်းပို့ပြီးချိန်မှာ
မိုက်မိုက်တို့ကို စောင့်ခိုင်းလို့
စောင့်နေခဲ့ရသေးတယ်။ ဒီနေ့တော့ ကားခ
မြိုးမြိုးမြတ်မြတ် ရပီတဲ့ စိန်လင်းအောင်က
ပြောလို့ မိုက်မိုက် တောင်
အပြန်ဘီယာတိုက်လို့ ပြောလိုက်သေး။
တစ်နာရီကျော်ကျော်မှာ နှစ်ယောက်သား
ပြန်ဆင်းလာတာ တွေ့လို့ အဖြူကောင်ကို
အရင်ပြန်လိုက်ပို့တယ်။ အနှီမမကို
နောက်ကြည့်မှန်က ကြည့်လိုက်တော့
မျက်ဝန်းမှာ မျက်ရည်စတွေနဲ့။
အဖြူကောင်ကလည်း အကျင့်မရှိသေးလို့နာတာပါ
နောင်ဆိုဘာမှ မဖြစ်ပါဘူး ဘာညာနဲ့
ပြောနေတာ ကြားလိုက်သေးတယ်။ အဖြူကောင်
ဆင်းသွားပြီးတော့ အဆိုပါ မမက
ဆေးခန်းတစ်ခုကို ညွှန်လို့
မောင်းပို့ရသေးတယ်။ ဆေးခန်းမရောက်ခင်မှာ
အနှီမမ
ဂဏှာမငြိမ်လို့ နောက်ကြည့်မှန်ကနေ
ကြည့်လိုက်တော့
မျက်ရည်တွေက၀ဲနေတဲ့အပြင်၊ သူ့ခမျာ
ကောင်းကောင်းမထိုင်နိုင်ရှာဘူး။
ဖင်တကြွကြွနဲ့၊ နောက်ဖေးသွားတဲ့ နေရာကို
စမ်းစမ်းနေတာ တွေ့လိုက်ရတော့မှ
မိုက်မိုက်တို့လည်း နိုင်ငံခြားသားက
ပုံမှန်ဆက်ဆံတဲ့နေရာ မဟုတ်တာကို
ဆက်ဆံလိုက်တာ သိလိုက်ရတယ်။
အဲ့အကြောင်းကို
အသိတစ်ယောက်ကိုပြောပြတော့ မင်းဟာကလည်းကွာ
အဲ့ဝေဒနာကြီးနဲ့ ဆေးခန်းသွားပြတာ
ငါတော့ အံ့သြပါတယ်တဲ့။ မိုက်မိုက်လည်း
မအံ့သြနဲ့ဗျ ရှိတဲ့ရည်းစား၊ ချစ်သူ
ဒါမှမဟုတ် ယောက်ျားလက်တည့်စမ်းတာလို့
ဆင်ခြေပေးလိုက်မှာပေါ့လို့တောင်
ရှင်းပြလိုက်သေးတယ်။ မင်းကွာ မရေးဘူး
မရေးဘူးနဲ့ အခုတောင်
စာတွေများနေပါလား ဘာလဲ
မီးလာနေလို့လားဆိုရင်တော့ ဟုတ်ကဲ့ပါလို့
ဖြေရမှာဖြစ်သလို၊ မိုက်မိုက်ရဲ့
မာမီနမ်းကို (မိုက်မိုက်ရဲ
့အနာဂါတ်မှာတော်မဲ့ ယောက္ခမပါဗျာ၊
မာမီခေါ်လို့ တစ်မျိုးမထင်ပါနဲ့
ဟိုမာမီတွေနဲ့ တစ်ခြားစီပါ)
ဖားဖို့လိုတယ်လေ။ မာမီနမ်းက
အင်ဂျီအိုများအကြောင်း
စောင့်ဖတ်မယ်ဆိုတော့ မာမီနန်း (အခုမှ
စာလုံးပေါင်း
အမှန်ပေါင်းတတ်တယ် အစ်မရေ့ ဟီးဟီး) အကြိုက်
အခုကတည်းက ဖားပြီး
တော်တော်များများရေးဖြစ်တာပေါ့။
ကဲစာလည်း
အတော်ရှည်နေတော့ ဒီမှာပဲ လက်စသပ်တော့မယ်။
အခုရေးပြီးသလောက်တောင်
သက်ဆိုင်သူများ ဖတ်မိလို့ကတော့ မေတ္တာတွေ
အကြိမ်ကြိမ် မိုက်မိုက်ကို
ဝေဖြာနေမှာ သေချာလေရဲ့။ နည်းနည်းလေး
ဆိုင်သူများလည်း သေနာကျဆိုတဲ့စကားနဲ့
လှမ်းထောပနာပြုမှ အသေအခြာပဲ။ သူတို့
တကယ်ချစ်တဲ့သူတောင်
မိုက်မိုက်ရေးတဲ့စာတွေလောက် ခေါင်းထဲ
မထည့်နိုင်မှာ သေချာနေတယ်။
ထပ်ပြောဦးမယ်ဗျာ စိတ်ပါလာရင်
ထပ်ရေးဦးမယ်ဆိုတာ…..