ရေးချင်တာတွေရေးကြတာပေါ့ဗျာ
ဘာရယ်တော့မဟုတ်ပါဘူး
စိတ်ထဲရှိတာလေးတွေပေါ့
ကဗျာတွေပဲဖြစ်ဖြစ် စာတွေပဲဖြစ်ဖြစ်
ဒိုင်ယာရီတွေပဲ ဖြစ်ဖြစ်အိမ်မက်တွေပဲ
ဖြစ်ဖြစ်ပေါ့
မြန်မာလို တိုက် ရိုက်ရတာက သိပ်မလွယ်ဘူး
နဲနဲတော့ စိတ်ရှည်ရမယ် တဖြည်းဖြည်းနဲ့တော့
ဖြစ်သွားပါလိမ့်မယ်
ကီးဘုတ် လေးအောက် လိုရင် ဆက်သွယ်လိုက်ပါ
မြန်မာစာရေးရတာ စိတ်ဝင်စားတယ် ရေးချင်တယ်
မြန်မာတွေနဲ့ အရေးအသား အတွေးအခေါ်တွေ
ဖလှယ်ချင်တယ်ဆိုရင်
ကျွန်တော်တို့  အကောင့် ကိုယ်ဖာသာကိုယ်
ဖွင့်လို့ ရအောင်
လုပ်ထားပေးတယ် အဆင်မပြေရင် ဆက်သွယ်ပါ
နိုင်ငံရေးတွေတော့ သိပ်ပြီးအားမပေးဘူးဗျာ
သူများတွေကို တိုက်ရိုက် ထိခိုက်တဲ့
စာမျိုးတွေ ရှုံ့ချတဲ့ စာတွေလဲ
မရေးစေချင်ဘူး
အတင်းရေးမယ်ဆိုရင်လဲ နံမည်လေးဘာလေး
သေချာထည့်မရေးမိအောင်ကြိုးစားပါ
ညစ်ညမ်းတဲ့ စာတွေလဲ
သိပ်ပြီးမသင့်တော်ဘူးလို့ ထင်တယ်ဗျာ
ကြည့်တာပေါ့ ဘာတွေဘယ်လို ဖြစ်လာအုံးမလဲ
မသိဘူး
တစုံတယောက်အတွက် ရီးစားစာတွေဘာတွေ
ရေးမယ်ဆိုရင်လဲ ကျေးဇူးပြုပြီး
ရည်ရွယ်သူ့ အမည်ကို မထည့်ပါနဲ့ဗျာ ။ တော်ကြာ
မကြိုက်ရင် အားနာစရာကြီး
စာပေကို လေးစားပြီး အရေးအသားကို
ဦးစားပေးတဲ့ စာလေးတွေပဲ ရေးကြတာပေါ့