Skip to content

ပျောက်ကွယ်ချင်ပေမယ့်လဲ

အ ဖြူ ရောင် နဲ့ နဲ့အနီရောင် နှင်းဆီ ပန်းတွေ ဖြန့်ကျဲ ကာ အလှပ ဆုံး ပြင်ဆင်ထားတဲ့ လက်ထပ်ပွဲ တခုမှာ

သေးသွယ် ပြီး လှပတဲ့ခန္ဒာကိုယ်ကို ပိုင်ဆိုင် တဲ့ အဖြူရောင် ဂါဝန်လေးကို ၀တ်ဆင်ထားတဲ့ အမ်မာ တယောက် လက် တွဲပေမယ့် အဖေ မရှိလို အထီးကျန်စွာ အနီ ရောင် ကော ဇော တွေ ပေါ် လျှောက်လှမ်း ရင်း မျက်လုံး မှေး မှေး နှာ တံ ရှည် သူ့ကိုစောင့်နေတဲ့ ဂရဲ့န်ဒ့်ကို ငေးကြည့်ရင်း ရုတ်တရက်ဆုံးသွားတဲ့

အဖေကြောင့် ဘ၀ကိုအထီးကျန်စွာ ဖြတ်သန်းရင်း နေ နဲ့ လ ရဲ့တာဝန် ကျေပွန်မှု တွေ ကြောင့် ရှင်နဲ့ဆုံတွေ့ ခဲ့ရတယ် ..မရေ မတွက် နိုင်တဲ့ မျက် ၇ည်တွေ .၀မ်းနည်းမှုတွေ ရဲ့အဆုံးသတ်က ဒီလို လှပတဲ့ ပျော်ရွှင်မှုတွေ အဖြစ် ပြောင်းလဲ လိမ့်မယ်လို့ မထင်ခဲ့ဘူး...ဘ၀မှာ ၀မ်းနည်းမှုတွေ နောက်ထပ် မရှိလောက်တော့ဘူး ထင်တယ် ... တကယ်လို့ ရှိလာ ခဲ့ရင်လဲ .... ရှင် ရှိနေတာပဲ.. ရှင် ကျွန်မ ဘ၀ထဲ မှာရှိနေတာပဲ... ရှင့်ကြောင့်း ကျွန်မ အရာ အားလုံးကို ရင်ဆိုင် နိုင်မှာပါ ...လို့ ပျော်ရွှင်စွာ တွေးနေ ပေမယ့် အမ်မာ ရဲံ့  ပျော်ရွှင်မှုတွေ ဟာ တာရှည် မခံ ခဲ့ပါဘူး... ရဲဝတ်စုံနဲ့လူ
ဝင်လာကာ ဂရဲန့်ဒ့် ခင်ဗျားကို red army က တာဝန်ထမ်းဆောင်ဖို့ အမိန့် ပေးလိုက်ပါတယ် . ခင်ဗျားအခုပဲ လိုက်ခဲ့ ရမယ်လို့ ပြော ရင်း ဂရဲန်ဒ့် ခဏ နေကြ ပါဦး လက်ထပ် ပွဲတော့ ပြီးအောင်လုပ်ပါ ရ စေ..လို့ ခယစွာ တောင်း ပန် နေပေမယ့်လဲ ....အခုလို ဒုတိယ ကမ္ဘာ စစ်ကာလမှာ နှလုံးသားကိုအလို လိုက် ခွင့် မရှိ ဘူး..

အမ်မာ တယောက် အခန်းထဲမှာခွေထိုင် ရင်း...လွန်ခဲ့တဲ့ ၂ နှစ် အရင်က အချိန်တွေကို ပြန်တွေးနေမိပါတော့တယ် .....


သာယာ လှ ပတဲ့ နွေ ဦး ရဲ့တနေ့မှာ အမ်မာ တယောက် ဈေးဝယ် ထွက်ခဲ့ပါတယ် ..အိုး လှလိုက်တဲ့ပန်းသီးလေးတွေ လို့တွေး၇င်းပန်းသီးကို ကိုင်လိုက်တဲ့အချိန်မှာသူ့လိုပဲ ပန်းသီးကိုင်တဲ့ လက်ပိုင်ရျင်ကို ကြည့်မိတော့ ..အသားဖြူ ဖြူ မျက်လုံးမှေး မှေး နဲ့အသက် ၂၀ ခန့် ရှိတဲ့ ..လူငယ်တယောက်က ဒီပန်းသီးက ကျွန်တော့ ပန်းသီးပါ .အိုးမဟုတ်တာ ကျွန်မက အရင်ကိုင်တာ ဒါကျွန်မ ပန်းသီး..ပါ...မဟုတ်တာ ကျွန်တော့အခုဏကတည်းက ကြည့်နေတာ ဒိပန်းသီးက ကျွန့်တော် ပန်းသီး.... သူတို့၂ယောက် စကားနိုင်လုနေကြတာကိုဆိုင် ရှင် က ကဲကလေးတို့ ရယ် အဒေါ် ပန်းသီးကို ၂ခြမ်း ခွဲပေးပါ့မယ့် ..ဒီနေ့ ရာသိဥတုကောင်းလို့ ဈေးရောင်းကောင်းတာနဲ့ ဒီပန်းသီးပဲ ကျန်တော့တာကွဲ . ဆိုင် ရှင် ပေးတဲ့ ပန်းသီး တခြမ်းကို ယူရင်း အမ်မာက အဒေါ် ကျွန်မ မှာ အကြွေမပါဘူး .. ရပါတယ် ကျွန်တော့ စိုက်ပေးလိုက်ပါ့မယ့် ..နောက်ကြုံရင်ပေးပေါ့လို့ ပြောရင်း ပိုက်ဆံ ပေးပြီး ကျန်တဲ့ပန်းသီးတခြမ်းကို ယူပြီးဆိုင်က ထွက်ဖို့ ပြင်နေတဲ့သူ့ကို အမ်မာက နာမည်လေးတော့ ပြောပြ သွားပါ ဦး.. ကျွန်တော့ နာမည်ဂရဲန်ဒ်...

ဒီလိုနဲ့ နဲ့အမ်မာ နဲ့ ဂ၇ဲန်ဒ့်တို့ တွေ့ဖို့ ကံအကြောင်း ဖန် လာ ရင်း လအနည်း ငယ်အကြာ မှာ သူတို့ ၂ယောက် ချစ်သူတွေ ဖြစ် ခဲ့ကြပါတယ်


လက်ဖက် ရည်သောက်ချိန်မှာ အမ်မာနဲ့အတူ လက်ဖက်ရည်သောက် ရင်း ဂ၇ဲန်ဒ့် က .... အမ်မာ ငါ့အခုလူတွေ ဘာလို့ အိမ်ထောင် ပြု ကြလဲဆိုတာ နားလည်ပြီးထင် တယ် .အတူ တူ အိမ် သန့် ရှင်းရေးလုပ် ..အတူတူ ထမင်းဟင်းချက် ... အတူတူ ထမင်းစား ..အတူတူ အိပ်ယာဝင် .. အရာအားလုံးကို အတူတူလုပ်ချင်လို့ အိမ်ထောင်ပြုကြတယ်ဆိုတာ ငါနားလည် ပြီထင်တယ်

အမ်မာ ငါနင့် နဲ့ဒိလိုနိစ္စဓူဝ အလုပ်တွေအားလုံးကို တရက်ပဲ ဖြစ်ဖြစ်အတူတူလုပ်ချင်နေ ခဲ့တာပါလို့ အလေးအနက်ပြောနေတာကြောင့် အကင်းပါးတဲ့ အမ်မာတယောက် လက်ထပ်ခွင့်တောင်းခံ နေရ ပြီဆိုတာ သဘောပါက်သွားပါတော့တယ်..

၂ ဖက်မိဘတွေ ရြ့သဘောတူမှုကြောင့် သူတို့ ၂ယောက် လက်ထပ် ကြပေမယ့် ကျီစားသန်တဲ့ကံကြမ္မာက သူတို့ကို ပျော် ရွှင်ခွင့် မပေးပါဘူး


မိုးစွေနေတဲ့အချိန်မှာ အခန်းထဲမှာ စာရေးနေတဲ့အမ်မာကို မက်က ဒီတခေါက် အောင်မြင်မယ်ထင်တယ် နော် အမ်မာက ငါလဲဒိလို ဖြစ်ဖို့မျှော်လင့်ပါတယ် ဟာ ... မက်က အမ်မာ ရဲ့ငယ်သူငယ်ချင်းလဲဖြစ်လို လက်ထပ် ခွင့်တောင်းတဲ့ သူလဲဖြစ်ပါတယ် ..မက်က ဆက်ပြီး အိမ်မာ နင်လက်ထပ် ပွဲပျက်ပြီးကတည်းက ဂျာမနီကနေ စပိန်ကို ပြောင်းလာတာ နှစ် ၂၀ ကျော်ပြီနော် ...နင် ဂ၇ဲန်ဒ့်ကိုမမေ့နိုင်သေးဘူးလား...အမ်မာ .ငါသူ့ကို မမေ့နိုင်သေးဘူး .. သါုမသိစိတ်က သူပဲ ငါ့ရဲ့ဖူးစာ ရှင်လို့ ပြောနေတာကို ငါအသိစိတ်က ဘယ်ကတည်းက လက်ခံလိုက်လဲ ဆိုတာ ငါသတိမထားမိ ဘူး ...သူ့ကို သတိရတိုင်း စာတွေ ရေးလွန်းလို့ ငါအခုဆို အောင်မြင်တဲ့ စာရေးဆရာမ တယောက်တောင် ဖြစ် လာခဲ့ပြီ...ငါတို့ ပုလွေဆရာ နဲ့ ကြွက် ၀တ္ထုတိုက ကို ဖတ်ခဲ့ကြတယ် မလား...အဲ့ဒီလိုပဲ စာရေးဆရာဆိုတာ ....လူတွေကို ဟိုးချောက်ကမ်းပါးကို တွန်းချ တတ်သလို အေးချမ်းတဲ့ သုခဘုံကို လဲ လက်တွဲခေါ်သွားတတ်သလို . စိတ်ခွန်အားပေးတတ်သလို စိတ်ဓာတ်ကျအောင်လဲ လုပ်နိုင် စွမ်း ရှိတဲ့ ပဥ္ဆလက်မှော် ဆရာတွေလိုပါပဲ theory တွေ အရ စာရေးဆ၇ာတွေက sensitive ဖြစ် တတ်ကြတယ် တဲ့ ဒီလို sensitive ဖြစ်တဲ့ သူတွေကပဲ စိတ် ဓာတ် ကျ တဲ့သူတွေကို စိတ် ဓာတ်မြှင့်တင်ပေးတာ အံ့သြဖို့မကောင်းဘူးလား ....


ဂရဲန်ဒ့်တယောက် လက် ထပ် ပွဲပျက်ပြီး ၁၀ နှစ်အကြာမှာ အမ်မာကို ရှာဖို့ ဂျာမနီကို ရောက်ခဲ့ပါသေးတယ် ....ဒါပေမယ့်အမ်မာတို့ ထွက်သွားကြပြီဆိုတဲ့ အဖြေကို ပဲ နှမြော ၀မ်းနည်းစွာသိခဲ့ရပါတယ် ... ထူးချွန်တဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဂ၇ဲန်ဒ့်က ဂျာမနီမှာ နေထိုင်ရင်း လေယာဉ် company တခုမှာ အလုပ်ဝင်လုပ်ရင်းမိန်းကလေးတွေကို စိတ် ၀င်စားတဲ့ သူအဖြစ် နာမည်ကြီးနေခဲ့ပါတယ် ...အသက် ၅၀ကျော် ..တာတောင်မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့ ယောင်္ကျားပီသတဲ့ရုပ်ရည်ကို ပိုင်ဆိုင် နေပါသေးတယ်

အချိန်တွေ လဲရွေ့လျား ပြောင်းလဲနေလို့ အမ်မာ နဲ့ဂ၇ဲန်ဒ် တို့ ၂ယောက်အသက် ၈၀ ပြည့် ခဲ့ကြပါတယ်

သတိ့ ၂ယောက်လိုပဲ ကမ္ဘာကြီးဟာလဲ ပြောင်းလဲတိုးတက်လာခဲ့ပါတယ် ။

အမ်မာ ဒီနေ့ ရာသီဥတု သာယာလို့ shopping ထွက်ခဲ့ပါတယ် . အရင်က လေဟာပြင် ဈေးလဲ အခု shopping mall ကြီးခုအဖြစ်ေ၇ာင်စုံ မီးတွေ နဲ့ ခမ်းနား ချင်သလို ခမ်းနားနေပါတော့တယ် ... အမ်မာ တယောက် ဂ၇ဲန်ဒ့ စတွေ ခဲ့တဲ့အချိန်တွေ တွေးရင်း အိုးလှလိုက်တဲ့ ပန်းသီးပုံခွက်လေးတွေပါလား လို့တွေးရင်းအိမ်မာ ခွက်ကို ကိုင်လိုက်တဲ့အချိန်မှာ ..တိုက်ဆိုင် စွာနဲ့ သူလိုပဲ ခွက်ကို လာကိုင်တဲ့လက်ပိုင် ရှင်ကို ကြည့်လိုက်တော့ ...အမ်မာကိုယ်တိုင်တောင်မသိလိုက်ပဲ နှုတ်က ဂ၇ဲန်ဒ့် .. ဂ၇ဲန်ဒ့ မလား ... ဟုတ်တယ် ငါ ဂ၇ဲန်ဒ့် ပဲ . မင်းကို တရက်မှ မေ့လို့မရခဲ့ဘူး အမ်မာ . ကျွန်လဲ ရှင့်ကို တရက်မှ မေ့လို့ မရခဲ့ဘူးလို့ ပြော ၇င်း သူတို့ ၂ယောက် သတိလက်လွှတ်ဖြစ်ကာ တယောက်ကို တယောက် ဖက်မိကြတဲ့အချိန်မှာ အမ်မာ ရဲ့မွေးစားထားတဲ့မြေးလေးက အဘိုးတို့ဖက်နေကြတာမလား ..မဖက်ပါဘူးလို့ အမ်မာက မျက်နှာ နီ ရဲစွာနဲ့ဗြောင် ငြင်းနေ ပေမယ့် မြေးလေးက အလျှော့ မပေးသေးပဲ မဖက်ဘူးဆို အဘွားမျက်နှာ ဘာလို့ နီ ရဲနေတာလဲ ...သူတို့ရဲတွေ့ဆုံမှုလေးက ပျော် ရွှင်စွာ အမှတ်တရလေးဖြစ်ခဲ့ပါတယ်

အိမ်ထဲကပန်းခြံထဲ မှာ အမ်မာတို့ ချစ်သူ၂ယောက် coffee သောက်ရင်း ကျွန်မ ဒီအတောအတွင်း စဉ်းစားနေခဲ့တယ် ပျောက်ကွယ်ချင်ပေမယ့် ပျောက်ကွယ်လို့ မရ နိုင်တဲ့အရာကဘာများ ဖြစ်နေမလဲလို့ ဒီအဖြေ ကို ကျွန်မ နှစ် ၆၀ ကျော်မှ သိခဲ့ရတယ် ပျောက်ကွယ် လို့ မရနိုင်တဲ့အရာက ကကိုယ် အချစ်စစ် နဲ့ချစ်တဲ့သူရဲ့ပုံ ရိပ်တွေ မှတ်ညာဏ် .....လို့ ပြောတော့ ဂ၇ဲန်ဒ့်အမ်မာ ရဲလက်ကိုင် ရင်း အမ်မာ မင်းက ကိုယ့် ရဲ့ အချစ်စစ် ပါပဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်နေခဲ့ပါတယ် ...

ည dairy ရေးတဲ့အချိန်ေ၇ာက်လာတော့ အမ်မာ က

ကျွန်မထင်ထားတာက အသက် ၈၀ ကျော်လာရင်ဘ၀ကအဆုံးသတ် သွားပြီလို့ ထင်နေခဲ့တာ

ကျွန်မဲနောက်တကြိမ် ဂျာမနီကိုပြန်ရောက်လာခဲ့ပါတယ် ။

နွေဦးလေးလဲ နောက်တကြိမ်ပြန်ရောက်လာခဲ့ပါတယ် ။

ပြီးတော့ ..ပြီးတော့..သူကျွန်မ ဘ၀ထဲကိုနောက်တကြိမ်ပြန်ရောက်ခဲ့ပါတယ်

ဆောင်းဧကရီ

Trackbacks

No Trackbacks

Comments

Display comments as Linear | Threaded

No comments

Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.

The author does not allow comments to this entry

Add Comment

BBCode format allowed
Standard emoticons like :-) and ;-) are converted to images.
E-Mail addresses will not be displayed and will only be used for E-Mail notifications.
Form options