မှားတယ်လိုထင်တဲ့အရာတွေဟာတကယ်တော့
ကျောင်းက ပြန်လာပြီးဧည့်ခန်းထဲမှာ မျက်နှာ စူပုပ် စွာ ထိုင်နေတဲ့ ငုဝါကို အမေက ဒိနေ့ ဆရာမ ဆူလိုက် ပြန် ပြီလား သမီး မဟုတ်ပါဘူး.. သမီးဘယ် လက်နဲ့ပဲ ရေးတတ်တာကို ဆရာမက အတင်းပဲ ညာလက်နဲ့ရေး ..ဘယ်လက်က အီးကုန်းတဲ့လက် .. နောက်ဖေး ဆေးတဲ့လက်ဆိုပြီး ဘယ်လက်ကို
စာအုပ် တင်ခိုင်းပြီး... အတင်းပဲ ညာလက်နဲ့ခဲတံ ကိုင်ခိုင်းတယ် ...လို့ ငိုရင်းပြောနေတဲ့ သမီးကို အမေ
က သနားတဲ့အကြည့်တွေနဲ့ ကြည့်တာက လွဲရင် ဘာမှ မကူညီနိုင် ပါဘူး ...
နောက်တနေ့ လဲငုဝါတယောက် ကျောင်းကို စိတ်ပျက်စွာ ရောက်လာခဲ့ပါတယ် ..ဒီနေ့လဲ မနေ့ ကလို ဆရာမက အတင်းပဲ ငုဝါမကိုင် တတ်တဲ့ ညာလက် နဲ့ ခဲတံခိုင်း မှာပဲလို့တွေးမိပါတယ် ဆရာမက စာရေးခိုင်းလို့ စာရေးဖို့ ပြင်နေတဲ့ ငုဝါကို ဆရာမ က ကဲ ဒေါ်ငုဝါ ဘယ်လက်နဲ့ ခဲတံကိုင်နေပြန်ပြီလားလို့
ဆူဖို့အစပျိုးနေတဲ့ ဆရာမကို ရုတ်တရက် ငုဝါ ရဲ့ အ ဖေ ကရောက်လာကာ.. ဆရာမ.. ကျွန်တော့ သမီးက ဘယ်သန်ဆို ရင် လဲ ဘယ်သန် လိုပဲထားလိုက်ပါ ...အတင်းညာသန် ပြောင်းနေတဲ့ အချိန်မှာ
အခန့်မသင့် ရင်ကျွန်တော့ သမီး ရဲ့ သင်ကြားမှု စွမ်းရည်တွေ ပါ ထိခိုက် သွားနိုင်လို့ ပါ .. အော် ဟုတ်ကဲ့
နောက်ဆို သတိထားလိုက်ပါ့မယ် ... စိတ်ညစ်နေတဲ့ ငုဝါတယောက် အခုမှ ပဲ သက်ပြင်း ချ နီုင်ပါတော့တယ်
တကယ်တော့ မနေ့ညက မိဘတွေ ငုဝါအကြောင်းဆွေးနွေးခဲ့ကြတာကို ငုဝါမသိခဲ့ပါဘူး
ရှင်မရေ..ကိုတော့ ဒီနေ့ ဆရာဝန်နဲ့ဆွေးနွေးခဲ့တယ် .သမီးလေး ဘယ်သန်ဖြစ်တာနဲ့ပတ်သက်ပြီးတော့ ပေါ့ .. ပြောပြ ပါဦး ကိုရယ် ကျွန်မတော့ သမီးလေးအတွက် စိတ်ပူလှပြီ...စိတ်ပူစရာမလိုပါဘူး ဒါတွေက တကယ်တော့ သဘာဝ တရားပါ ..ညာသန်တွေ လို ဘယ်သန်တွေ လဲ ရှိတတ်ပါတယ် .. တကယ်တော့ လူရဲ့ ဦးနှောက် ရဲံထိန်းချုပ်မှုက ဦးနှောက် ဘယ် ခြမ်းက ခန္ဒာကိုယ် ညာဘက်ကို ထိန်းချုပ်တယ် .. ဦးနှောက် ရဲ့ ညာခြမ်း ခန္ဒာကိုယ် ရဲ့ ဘယ်ခြမ်းကို ထိန်းချုပ်တယ် ... ကြက်ခြေ ခတ် လိုပေါ့ ကွာ... အဲ့ဒီ့မှာ ဦးနှောက် ရဲ့က ညာခြမ်းက သာမာန် ထက်ပို ကြီး သွားတဲ့ အခါ မှာ သမီးလေးလိုငါတို့ မှားနေတယ်လို့မြင်တဲ့ ဘယ်သန်တွေ ဖြစ်လာတတ်တာ ပေါ့ ကွာ. ကမ္ဘာ့လူဦးရေ ရဲ့ ၁၀% ဟာ ဘယ်သန်တွေ ပဲ ...
စာရေးရင် ညာနဲ့ရေးမှ မှန်တာလို့ ဘယ်နဲ့ရေးရင်မှားနေတာလို့ ထင်နေကြတာတွေ ဟာ ငါ့တို့ အမြင်မှားနေတာ တွေ ပဲ ဖြစ်တယ် ... ဘယ်သန်ကိုအတင်းပဲ ညာသန်အဖြစ်ပြောင်းနေတဲ့အချိန်မှာ...
ဦးနှောက် ရဲ့ဖြစ်တည်မှုကို သွေဖည်လိုက်တဲ့အတွက် စာသင်ကြားမှုအပိုင်းတွေမှာ ထိခိုက်သွားပြိး ငါတို့
ကလေးဟာ တကယ်ပဲ ချို့ယွင်းသွားလိမ့်မယ် .. ဒါကြောင့်မိဘတွေဟာ သဘာဝ တရားကိုလက်ခံမလား.ဒါမှ မဟုတ် သဘာဝတရားကို သွေဖည်ပြီး..အကောင်းကတိ ကျန်းမာနေ တဲံ့ ကလေးကို ချို့ယွင်းအောင်လုပ်မလား... .. ဟူး. အကိုပြောမှပဲ ကျွန်မတော့ သက်ပြင်းချ နီုင်တော့ တယ် .. ကျွန်မကတော့ ..ကိုယ့်ကလေး ကို ကျန်းမာ ပျော် ရွှင်စွာပဲ ကြီးပြင်းစေချင်တယ်
ဘယ်သန်ဖြစ်ဖြစ်ညာသန်ဖြစ်ဖြစ် အဲ့ဒါတွေက အ ရေးမကြီးပါဘူး..
အချိန်တွေ ကုန်ဆုံးသွားတာ နဲ့ အမျှ ငုဝါလဲ ဘယ်သန်တွေ နဲ့ ပတ်သက်ပြီးလေ့လာ ရာ က အံ့သြ ဖွယ်ရာအချက်တွေကို တွေ့ခဲ့ရပါတယ် ကမ္ဘာ ပေါ်မှာ ထင် ရှား တဲ့ခေါင်းဆောင် အများ စုဟာ လူတွေ အထင်သေးတာကို ခံနေ ဘယ်သန်တွေ ဆိုတာကို ပါပဲ ဗိုလ် ချူပ်အောင် ဆန်း..အိုဘာမား...ဘီလ်ကလင်တန် ... ဂျောရှ်ဘုရှ်...... ရောနယ် ရေဂန်(သူဟာ ဘယ် ရောညာပါသန်တဲ့သူပါ)....ဂျာရဒ်ဖို့ဒ် ...ဒေးဗစ်ကမ်ရွန်း.... လူတွေ ဘယ်သန်တွေ ကို ဘာ လို့ ဒီလောက် အထင်သေးနေကြပါ လိမ့် ....ဘယ်သန်တွေ က ပဲ လောက သစ် ကမ္ဘာ သစ်တွေကို ဖန် တီး ပေးခဲ့ကြတာ ပါပဲ .. ကျောက် ခေတ်ကနေ ကမ္ဘာ ကို ရွာတရွာ ဖြစ်အောင် ဘယ်သန်တွေကသာ ပြောင်းလဲ ခဲ့ကြတာပါ ...
ငုဝါအသက် ၂၀ ကျော်လောက်မှာ တော့ ..အဖေ့ ရဲ့ ပေါင်မုန့် company မှာ အလုပ်ဝင်ခဲ့ပါတယ် ..မုန်လုပ်တာ နဲ့ အသစ်တွေ ဖန်တီးရတာ ၀ါသနာ ထုံတော့ မီးဖိုခန်းမှာ ပဲ အလုပ်ဝင်ခဲ့ပါတယ် ..ဘယ်လက်နဲ့ ဇွန်းကိုင် ရတဲ့ အခါ လူတွေ ရဲ့ ရွံ့တဲ့ အကြည့်တွေကို ကြိတ်မှတ် သည်းခံရင်းနဲ့ ပေါ့ ....
တနေ့မှာ တော့ အဖေက သမီး ရေ....နောက် ၂ ရက်နေရင် အဖေ့  company ကို နိုင်ငံခြားက စီးပွားရေး လုပ်ငန်းရှင်တယောက်လာမယ် ...MR JOSH လား အဖေ ဟုတ်တယ် သမီး ..သူက အဖေ
တို့ လုပ်တဲ့ မုန့်ကို အရသာတွေ့မှ ရင်းနှီးမြှုပ်နှံမှာ .. စိုးရိပ်စရာ ရှိတာက သူက သကြား စားလို့ မ ရဘူး အချိုတော့ စားလို့ ရတယ် ဒါပေမယ့် သကြား နဲ့ ALLERGY ရှိတယ် ....အဖေ တော့ ဒီ ကိစ္စ သမီးကို ပဲ လွှဲပေးလိုက် တော့ မယ် .. အဖေတို့ COMPANY ရဲ့အနာ ဂတ် ဟာ...သမီး ရဲ့ဖန်တီးနိုင် စွမ်း အပေါ်မှာ မူတည်နေတယ် ...စိတ်ချပါအဖေ သမီး ဒီပြသနာကို ဖြေ ရှင်းမှာ ပါလို့ ယုံကြည်ချက် ရှိစွာ ဖြေ လိုက်ပါတယ် ......
ဒီ တခေါက်အ ခွင့် အရေးမှာ ဘယ်သန်တွေကို လွဲမှားနေတဲ့ အမြင်တွေကိုလဲ ဖြေ ရှင်းနိုင်မှာပဲ ..... ဒါပေမယ့် သကြား လုံးဝမသုံးပဲ ...မုန့်ချိုအောင်ဘယ်လို လုပ် ရပါ့မလဲ..အချိန်က ၂ ရက်ပဲ ရ တာကို ...
နောက်ဆုံးတော့ ဖန်တီးမှု ဟာ ရှာ ဖွေ ခြင်း ရဲ့ . တခြားနာမည် ဆိုသလိုပဲ .. သကြား မသုံးပဲ ချိုအောင်လုပ်တဲ့နည်းကို ရ သွားပါတော့တယ် ..
၂ ရက်အကြာ...
ခန်းမကျယ် ကြီး ထဲမှာ ဖြစ်ပါတယ် လူတွေ ရဲ့ အထူးအာ ရုံ စူးစိုက်မှုကို ခံ နေ ရတဲ့ ME JOHN တယောက် ဟာ အနီရောင် ငှက် ပျော သီး ကိတ်ကို ဇွန်း ခန့် စားလိုက်ပါတယ် နူးညံ့ ချို မြ တဲ့အရသာ ကြောင့် အံ့သြ စွာ ဒီ ကိတ်ကို ဘယ်သူလုပ်ထားတာလဲလို့ .. ကပျာ ကယာ မေးတော့ ငုဝါက ကျွန်မ ရဲ့ဖန်တီးမှုပါ .... ငှက်ပျော သီး MILK SHAKE သောက် ရင် သကြားမလိုတာကို သတိ ထား မိ ပြီး သကြား နဲ့မတည့်တဲ့ လူကြီးမင်း အတွက် ငှက်ပျောသီးထဲက အချိုဓာတ်ကို ခွဲ ထုတ် ပြီး သကြားတု ဖန်တီးဖို့ IDEA ရ ခဲ့တာပါ လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောပြနေတဲ့ ငုဝါကို MR JOHN က
ကောင်းလိုက်တဲ့ IDEA ပဲ ခင် ဗျားတို့ COMPANY မှာ ရင်းနှီးမြှုပ်နှံပါ့မယ်လို့ ကတိပေးပါတယ်
ငုဝါက ဘယ်သန် ဖြစ် ပြီး ဒီလောက် တော်မယ်လို့ မထင် ရဘူး... လို့ တခြားသူတွေ တီးတိုး ပြောနေတာ တွေကို ငုဝါ တယောက် ကြား ပြီး ဂုဏ်ယူ စွာ ပြုံးမိပါတယ် ...
ဘ၀က ဒီ မှာ တင် အဆုံး သတ် သွားမှာ မဟုတ်ပါဘူး .. နောက်ထပ် စိတ်လှုပ်ရှားစရာတွေ ကြုံ ရဦးမှာ ပါ ကြည် ပြာရောင်မိုးကောင်ကင်မှာ .. သစ်တောက် ငှက်တကောင်က အသိုက် ဆီကို ဇွဲ မလျှော့ပဲ ပြန် နေတဲ့ မြင်ကွင်းက စိတ် ဓာတ် ခွန်အားတွေကို ရ စေပါတယ်
တကယ်တော့ လောကမှာ မဖြစ်နိုင်ဘုးလို ယုံကြည် နေတဲ့ သူတွေ ကန့်ကွက်နေတဲ့ကြားက ဖြစ်နိုင်မယ်လို့ ယုံကြည်နေတဲ့ သူအနည်းစုဟာ ကန်ကွက် မှုတွေကို ဆန့်ကျင်ထိုးဖောက် မှုတွေ လုပ်ကာ ကိုယ့်ပန်းတိုင်ကို အရောက်သွားခဲ့ကြလို့သာ...ဒီနေ့ ဒီအချိန်မှာ ကျွန်မတို့ ကမ္ဘာ ကြီးဟာ တိုးတက်မှု ရဲ့ လမ်းကြောင်း ပေါ်မှာ အ ခြေချ နိုင်ခဲ့တာပါ
မှတ်ချက် .. စာရေးသူကိုယ်တိုင်က လည်း ဘယ်သန် ပဲ ဖြစ်ပါတယ် ဘာသာရေးအစွဲအလမ်းတွေ အယူအဆတွေ ကြောင့် ဘယ်သန်တွေ အပေါ်မှာ မကောင်း တဲ့ အမြင်တွေ ဖြစ် နေတာဟာ ဒီ ၀တ္ထု တို ရေးဖို့ MOTIVATE ဖြစ်ပါတယ် ...
ဒါပေမယ့် တချိန် ချိန်မှာ တော့ ဘယ်သန်တွေကို အ ပေါ်မှာ ထားတဲ့ မကောင်းတဲ့အမြင်တွေဟာ ပျောက်ကွယ် သွားပါလိမ့်မယ် လို့ ယုံ ကြည်မိပါတယ် ..ဘာလို့လဲဆိုတော့ ဘယ်သန်တွေဟာ လောက သစ် ကမ္ဘာ သစ်ကို ရှာ ဖွေ ပေးခဲ့ ကြလို့ပဲ ဖြစ်ပါတယ်
ဆောင်းဧကရီ

Trackbacks
Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.
The author does not allow comments to this entry
Comments
Display comments as Linear | Threaded