Skip to content

ကံကြမ္မာရဲံ့ april fool

,,,,,,,,,,,,,,,,,,,,,,,,,
သူရ တယောက် ပြက္ခဒိန်ကို ကြည့် ရင်း ကြည်နူးနေမိတယ် မ နက် ဖြန် အမေ့ မွေးနေ့ လေ ဒီ နေ့ march လ ၃၁ ရက်နေ့ ဆိုတော့အ မေ့ အတွက် ဒီ နေ့ ကတည်းက လက်ဆောင် ကြို ၀ယ် ထား သင့် နေပြီ လို့ တွေးရင် အိမ် နားက အ ထည်ဆိုင် ဘက် လျှောက်လာခဲ့တယ် ။။ သူရ ငယ် စဉ် ကတည်းက အဖေ နှလုံး ရောဂါ နဲ့ ဆုံး သွားပြီးနောက် ပိုင်း အမေ က ပဲ သူရကို အကြော် ကြော် ရောင်း ရင် ပြုစု ပျိုးထောင် ပေးခဲ့ရှာပါတယ် ...သားလိမ္မာ တယောက် ဖြစ် တဲ့ သူရ ကလည်း သူ ၀ါ သနာပါ တဲ့ ပန်းချီ ကို တောင် စွန့်လွှတ် ကာ စာတွေ ပဲ ကြိုးစားနေလိုက်တာ အခု ဆို ၁၀ တန်း တောင် ဖြေ ပြီး ခဲ့ပါ ပြီ

အထည် ဆိုင်ကို ရောက် တော့ တွေးလတ်စ အ တွေး တွေကို ဖြတ် ရင်း ဆိုင် ထဲ ကို လှည့်ပတ် ကြည့်လိုက် တော့ သူ ရ မျက်လုံးတွေက အပြာ ရောင် အောက်ခံ ပေါ်မှာ ရွှေ ရောင် ကနုတ် ပန်းတွေ ကပ်ထားတဲံ ပါ တိတ် အဆင် ပေါ် ကို ရောက် သွား ပါတယ် ရွှေေ၇ာင် ကြိုက် တတ် တဲ့ အမေ တော့ ဒိအ ဆင်ကို ကြိုက်မှာ ပဲ လို့တွေး ရင်း အဲ့ဒိံ အထည်ကို ပဲ ၀ယ်ဖို့ ဆုံး ဖြတ် လိုက်ပါတယ်

april ၁ ရက် နေ့

အမေ့ကို မွေး နေ့ လက် ဆောင် တောင် မ ပေး ရ သေး ဘူး အိပ် ယာ ထဲ အ မော ဖောက် နေတဲ့ အမေ့ ဆီကို ပြုစုရင်း.. ဆေး မ သောက် ဘူး လား အမေ ... ဟို တ နေ့က သား ပေးတဲ့ ပိုက်ဆံ နဲ့ သား အတွက် ကြက် ကြော် ၀ယ် လိုက်တယ် သားလို့ အသက် မနည်း ရှူ ရင်း ပြော နေတဲ့ အ မေ့ကို ကြည့် ရင်း စိတ် မကောင်း ဖြစ် ကာ သား ဟို တ နေ့ က ပိုက်ဆံ အိတ် ကောက် ပေးတဲ့ အဖိုးက သားကို မုန့်ဖိုးတွေ အများကြီး ပေးလိုက်တယ် .. သား အဲ့ဒီ ပိုက်ဆံ နဲံ ဆေး သွား ၀ယ် မယ် အမေ လှဲ နေ နော် လို့ ပြော ရင်း bus ကား မှတ်တိုင် ဆီကို ခပ် သွက် သွက် လျှောက် လာမိတယ်

အသက် ၂၁ နှစ် အခု ခေတ် မိန်းကလေး တော် တော်များ များ အိမ်ထောင် ပြုဖို့ တောင် မ စဉ်းစား သေးတဲံ အရွယ်မှာ တ နှစ်အရွယ် သူရကို ရင်ခွင်ပိုက် ရင်း မုဆိုးဘ၀ကို ရုန်း ကန် နေရတဲံ့ အ မေ ... အကြော် ကြော် ရင်း ဘ၀ကို ချို့တဲံစွာ ဖြတ် သန်းရင် နှလုံးရောဂါကိုပါ လက်ဆောင် အဖစ် ရ ရှီခဲ့ တဲံ့  အ မေ ... အခုအသက် ၃၆နှစ် မှာ တောင် ကိုယ် နဲ့ရွယ်တူ တွေလိုမလှပနီုင် တဲ့ အမေ ဘ၀ တခုလုံး သူရကို ကြည့်ရင်း ကိုယ့် ဘ၀ကိုယ် မရှင်သန် ခဲ့ တဲ့ အမေ့တွက် စိတ်မကောင်း ဖြစ် ရင်းကျလာတဲ့ မျက် ရည်တွေကို မသိကျိုး ကျွန်ပြုရင်း ...အမေ့ကို နောက် ထပ် မ တွေ့ ရမှာ စိုးရိမ် စိတ်တွေ နဲံ မှတ်တိုင် နား ရောက်လာတဲံ bus ကားပေါ်က ဆင်း ရင်း ဆေး ဆိုင် ကို ပြေး လာခဲ့တယ်
ဆေးက အမေ့ အတွက် ဆေး မဟုတ်ပဲအသက်ကယ် ဆေး မှန်း သူ၇တ ယောက်ပဲနားလည် ပါလိမ့်မယ် ။
ဆေး ခန်းမှာ အမေ သောက်နေကြ ဆေး နမူနာ ပြ တော့ nurse က အဲ့ဒီ့ ဆေး ရှိတယ် ပြော တော့ သူ ရ အသက် ရှု ချောင် လာ ပေမယ့် ပိုက် ဆံ ရှင်းဖို့ ပိုက်ဆံ အိတ် စမ်း တဲံအခါ သူရ အရှင်လတ်လတ် မြေ မြှုပ်ခံရ သလို မွှန်းကျပ် လာပါတော့တယ် ... မသင်္ကာ တဲ့အကြည့်တွေ ကြည့် ရင်း nurse မက လဲ ကောင်တာ ပေါ်တင်ထားတဲ့ ဆေးကို ပြန်သိမ်းလိုက်ပါတော့တယ် ....

ပိုက်ဆံ ရှင်း ခါနီးမှ ပိုက်ဆံ အိတ်ပျောက် သွားတဲံ သူ ရ တယောက် ထူပူနေတဲ့အချိန်မှာ အခုဏ က သူ့ကို တိုက်သွားတဲံ့ ဦးထုပ်အနီ ဆောင်း ထားတဲ့ လူငယ် တယောက် ကို တွေ့ ကာ .. ခဏ ရပ် ..လို့ ပြော ရင်း အနောက်က ပြေးလိုက် . ထို လူငယ် က လည်း အ ရှေက နေ ပြေး ရင်းလမ်းချို့းတခုမှာ ပျောက် သွားပါတော့တယ် .. ရက်စက်လှ တဲံ့ ကံကြမ္မာ ရဲံ့ april fool ကြောင့်

သူရ ပေးတဲ့ လက်ဆောင် ကို ကြည့်ရင်းအ မေ ပျော်နေတာ တွေ .. အမေ ရယ်မော နေတာ တွေ ဟာအခုတော့ စိတ်ကူး ယဉ်တွေ အဖြစ် လွှင့်စဉ် ပျောက် ပျက် သွားပါတော့တယ်

ပူပြင်း လှတဲ့ ရန်ကုန် မြို့ရဲ့ နေ ရောင် အောက်မှာ အသက်မဲု့ တဲံ ခန္ဒာ ကိုယ်လို အိမ်ဘက်ကို လမ်းလျှောက်လာ တော့ .. ငယ် သူငယ်ချင်း.... ထိတ်လန့်တကြား.. သူရ မင်း . .အမေ...မင်း အမေ...လို့ ပြော ၇င်း...တိတ်ဆိတ် သွား တာ ကြောင့် သူရ နောက် သူငယ်ချင်း မပြောနီုင်တဲံ့  ၀ါကျ ရဲ့အဆုံးကို သဘော ပေါက် သွား ပါတယ်

ဆောင်းဧကရီ

Trackbacks

No Trackbacks

Comments

Display comments as Linear | Threaded

No comments

Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.

The author does not allow comments to this entry

Add Comment

BBCode format allowed
Standard emoticons like :-) and ;-) are converted to images.
E-Mail addresses will not be displayed and will only be used for E-Mail notifications.
Form options