ဥသြငှက်ရဲ့နောင်တ
ကြွေရုပ် ........ ကြွေရုပ်.. နင်ငါါကို စောင့် လို့ လှမ်းအော် နေတဲ့မိုးကို ကြွေရုပ် ရပ်စောင့် ရင်း
ဟင် ကြွေ၇ုပ် လေး ဘယ်မှာလဲ ကြွေရုပ် ပြ ပါလို့ အသားညို ညို အရပ် ရှည်တဲ့ လူတယောက်က ရုတ်တရက် လာပြောတော့ ကြွေရုပ် ဘာပြောရမှန်း မသိ ဖြစ်ကာ ဒီမှာ ဘာ ကြွေ၇ုပ်မှ မ ရှိဘူး.. ကျွန်မ နာမည်က ကြွေရုပ် လို့ စိတ်တို့တို နဲံ ပြန် ဖြေလိုက်ပါတယ် .. ဒါကို အဲ့ဒီ့ ကိုယ်တော်က ကျွန် တော်က plastic အရုပ်တွေပဲ မြင်ဖူးနေကြဆိုတော့ ကြွေ၇ုပ် ကို မမြင်ဖူးလို့ မြင်ဖူးချင်ဇော နဲံ ပြောလိုက်မိတာပါလို့ ပြော ပြီးလှည့်ပြန်သွားတဲံ့ အဲ့ဒီ လူရဲနောက်ကျောကို ကြွေရုပ် ကြည့်ရင်းဒီလူ တော်တော် အူကြောင်းကြားပါလားလို့ မှတ်ချက် ချမိပါတယ်
ကြွေရုပ်လို့ ရွာက computer သင်တန်းလာတက်နေရတဲ့သူအတွက်က တော့ မြိုဟာ အထီးကျန်စရာကောင်းပါတယ် ..ဒါပေမယ့်သူရဲ့အထီးကျန်မှုတွေကို ဖြေဖျောက်ပေးတဲ့သူကတော့ ကြွေရုပ်ဘယ်မှာလဲလို့ မေးတဲ့ ဘုန်းရှိန်ပါပဲ .. သူတို့ ၂ယောက် ရဲ့ တွေ့ဆုံမှုက အမှတ်တမဲ့ကနေ အမှတ် တရတွေ ဖြစ် ပြီးသူတို့တွေဟာ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ် ။
ဘ၀မှာ မိဘစကားကို နားထောင်ရင်းကိုယ့် လိုအင် ဆန္ဒတွေကို ချိုးနှိမ် ခဲ့ရတဲ့ ဘုန်းရှိန်ကလဲ ကြွေရုပ်ကို တကယ်ပဲ ချစ်နေမိပါတယ် ။.အသက် ၃၀ ကျော်မှာ ပထမဆုံးအချစ်ကို ခံစားမိပြီးဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းလို့ ပေါ့ ..ဘုန်းရှိန် ကြွေ၇ုပ်ကို သင်တန်း လိုက်ပို လိုက်ကြို လုပ်ပေးရတဲ့တာဝန် ပို လာပါတယ် ။
မနက်ကတည်းက ရွာလိုက်တဲ့ မိုးက နေ့လည်အထိ တောင် မတိတ် နိုင် သေး ကြွေရုပ် တယောက် ဘုန်း ၇ှီန် ကို စောင့် ရင်း ဖုန်းဆက် ကြည့်တော့ ဖုန်းမကိုင်တာနဲ့ ကြွေရုပ်တယောက် တည်းပဲ သင်တန်းကို ထွက်လာခဲ့လိုက်တယ် ..သင်တန်းမှာ ဆရာ စာသင်ချိန်
အရပ်ရှည် ရှည် အနည်းငယ်ဝတဲ့ အသက် ၃၀ကျော်အရွယ် အမျိုးသမီးက သင်တန်းထဲ ၀င်လာရင်း ဒီအခန်းထဲမှာ ကြွေရုပ်ဆိုတဲ့ မိန်းကလေးက ဘယ်သူလဲ လို့မေးတော့ သင်တန်းသားတွေက ကြွေရုပ် ကိုလက်ညိုး ကြပါတယ်
အော် .. ငါ့ယောင်္ကျားကို မြူဆွယ်တာ နင် ပေါ့လို့ ဒေါသ တ ကြီး ပြော တော့ ကြွေ၇ုပ် နားမလည် စွာနဲ့ ရှင်အမ ယောင်္ကျားကို ကျွန်မ မသိပါဘူးလို့ ပြော ပေမယ့် ဒီမှာ ကြွေရုပ် နင် တွဲ နေဘုန်း ရှိန် ဆိုတဲ့ သူဟာ ငါ့ ယောင်္ကျား ပဲ ..... ငါတို့၂ယောက်က မိဘ ချင်း သဘောတူလို့ ယူခဲံကြတာ နင် ငါတို့ ၂ယောက် ကြားမှာ မ လာခင်မထိ ငါတို့အိမ်ထောင်ရေးက ပျော် ရွင် နေခဲ့တာ .. နင် ရောက်လာတော့ ငါ့ယောင်္ကျားက ငါ့ကလေးတွေကိုလဲ ဂရုမစိုက်တော့ ဘူး အောက်တန်းစားမ နင့်အဆင့်က ဒီလောက်ပဲ ရှိတာလား အဆင့်မ ရှိတဲ့ မိန်းမ နင် ဒါနဲ့ပဲ တန်တယ်လို့ ပြော ရင်း သင်တန်း သူ သင်တန်းသားတွေ ရှေ့မှာ ပါးတချက် ရီုက်လိုက်တော့ ကြွေရုပ် ဒီ အရှက်ကွဲမှုကို သည်းမခံနိုင်တော့ ပဲ အခန်းထဲက ထွက်ပြေးလာခဲံ့ပါတယ် ။
မိုးတွေ သည်းကြီးမဲကြီး ရွာကာ မိုးခြိမ်းနေတဲ့ အချိန်မှာ ကြွေရုပ်တယောက် အဆောင်ထဲက သူ့အခန်းထဲမှာ ကုတင်ပေါ်မှာ ထိုင် ရင်း မိုးနဲံအပြိုင်ငို နေမိပါတယ် ..သမီးရယ် လူတွေကို လွယ် လွယ် မယုံ စမ်း ပါနဲ့ တချို့း လူတွေက ဒေါင်းယောင်ဆောင်တဲ့ကျီးတွေပါလို့ သူ မြို့ကို မလာခင် တဖွဖွ မှာနေတဲ့ သူ့အမေ ရဲံစကားကို နားမထောင်မိပဲ သူချစ်ကြိုက်နေတဲ့ သူ ရဲ့နောက်ကြောင်းတွေလက်ရှိ အကြောင်းတွေကိုလဲ မစုံစမ်းခဲ့လိုက်ရင် ကြွေရုပ်ဒီနေ့ ခါးသီးနာကျည်းစရာကောင်းတဲ့ နောင်တ တွေ အရှက်ကွဲမှုတွေကို ကြုံတွေ့ရမှာ မဟုတ်ဘေူး..
ဒီ အဖြစ်အပျက်တွေ ကြုံတွေ့ ပြီးနောက်မှာ တော့ ကြွေရုပ်တယောက် computer သင်တန်းတက်ပြီး နာမည် ကြီး company တခုမှာ အလုပ်လုပ်ချင်တဲ့ အိမ်မက်ကို စွန့်လွှတ်ကာ ရွာကို အပြီးတိုင် ပြန်လာခဲံလိုက်ပါတော့တယ်
ဆောင်းဧကရီ

Trackbacks
Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.
The author does not allow comments to this entry
Comments
Display comments as Linear | Threaded