Skip to content

အခန်းနံပါတ် ၀၀၀

ကိုရေ သားလေးတော့.............အဖျားတွေတက်နေ ပြီ ဆေးရုံတင် ရတော့မယ် ထင်တယ် ..လို့ စိတ်ပူပင်စွာ ငြီးတွားနေတဲ့ သူ့မိန်းမကြောင့် မင်းနီုင် ရင်ထဲမွှန်းကျပ် သွားပါတော့တယ်

house surgen ဆင်းကတည်းက ချစ်သူတွေ ဖြစ် ခဲ့ ကြတဲ့ သူတို့ ၂ ယောက် ဟာ ချစ်သူသက်တမ်း ၆ နှစ်အကြာ လက်တွဲ ခဲ့ကြတဲ့ ဖြူသီ ဟာ သား လေး မွေးလာတော့ သူသိပ်ချစ်တဲ ဆရာဝန်ဘ၀ကို စွန့်လွှတ်ပြီး သားလေးကို ပြုစုရင်း ၀င်ငွေ လဲ ရအောင် ကျူရျင် ပြနေတဲ့ သူ့ဇနီးကို dr မင်းနိုင် လေးစားပြီးရင်း လေးစားနေမိပါတယ်

လွန်ခဲ့တဲ့ ၆ နှစ်အရင်က မင်းနီုင် အလုပ်လုပ်နေတဲ့ ဆေးရုံမှာအခန်း ၀၀၀ အသက် ၃ နှစ်အရွယ် ကလေး တ ယောက်ဟာ car accident ဖြစ်တဲ့ case နဲ့ ဆေးရုံကို ရောက်လာခဲ့ပါတယ် ။

ဆရာဝန်တွေ အစွမ်းကုန် ကြိုးစားပြီးကုသပေမယ့်လဲ အဲံဒီ့ကလေးဟာ ဦးနှောက် သွေးထွက်လွန်ကာ သေဆုံးသွားပါတော့တယ် /

ကလေး ရဲ့ အလောင်းကို ရေခဲတိုက် သယ် သွားနေတဲ့အချိန်မှာ ဆေးရုံက ကလေးနာမည် ရေးထားတဲ့ လက်ပတ်လေးဟာ အလိုလို ပြုတ်ကျ သွားခဲ့ပါတယ် ( လက်ပတ်ပြုတ်ကျခဲ့ ရင် အဲ့ဒိလူနာ ရဲ့ ၀ိညာဉ်ဟာ ဆေးရုံမှာ မကျွတ်မလွှ တ်ပဲ ရှီနေတယ်လို့ ဆေဒလောကမှာ အယူတမျိုး ရှိပါတယ် )

ထို အဖြစ်အပျက် ဖြစ်ခဲ့ပြီး၃ လ အကြာ

မင်းနီုင် နောက်ဆုံး အနေနဲ့ round လှည့်ရင်း အခန်း နံပါတ် ၀၀၀ ကို ရောက်လာခဲ့ပါတယ်
အူဝဲ ..အူဝဲ .. အူဝဲ... ဟင် ကလေး ငိုသံပါလား သူတွေဝေသွားခဲ့ပါတယ် ဒီအခန်းမှာ ဘယ်ကလေးမှ မရှိပါဘူး... ကလေးက တခုခုနာကျင်နေတဲ့ အသံနဲ့ ပြင်းထန်စွာ ငိုနေဆဲဖြစ်တော့ ဆရာဝန် တယောက်ဖြစ်တဲ့ သူ မ နေ နီုင်တော့ ပဲ ၀င်ကြည့်လိုက်တဲ့အချိန်မှာ နဖူးနေရာက ပြတ်တောက်နေပြီးမျက်နှာ တ ခုလုံး သွေးတွေပဲ ရှိတဲ့ ကလေးတယောက် သူ့ကို မကျေနပ်တဲ့ အကြည့်နဲ့ ကြည့် ပြီး ရှေ့တိုး လာနေပါတယ် .မမျှောင့်လင့်တဲ့ အဖြစ်အပျက်ကြောင့် သူ ခဏတာ အသက်ရှု ရပ်သွားပေမယ့် သတိပြန်ဝင်လာချိန်မှာ အခန်းထဲကနေ အမြန်ဆုံးပြေးထွက်လာခဲ့ပါတယ်


တိုက်ဆိုင် တာလား ဒါမှ မဟုတ် အကြောင်းအရာတွေက ဆက်နွယ်နေတာလား မသိ . အဲ့ဒီကလေး သေပြီးကတည်းက အဲ့ဒီ့အခန်းမှာ လာတက်မိတဲ့ကလေးတိုင်းဟာ သေ နေကြတာချည်းပဲ
လို့ မင်းနိုင်တွေးမိပေမယ့်လဲ ဆရာဝန်ဆိုတာ ဒါတွေ မဆိုင် ပါဘူး လို့ကိုယ့်အတွေးတွေကို ကိုယ်ပြန် ဖျက်လိုက် ပါတော့တယ် ..ဒါပေမယ့် မင်းနိုင် ရဲ့မသိစိတ်ကတော့ ဆေးရုံလာတတ်တဲ့ ကလေးတွေကို အဲ့ဒီအခန်းရ မှာကိုတော့မလိုလား တော့ပါ ...
ဖြူသီ duty ချိန်ကလေ အခန်း ၀၀၀ ကို ကလေးတယောက် လာတက်တယ်လေ .. အစပိုင်းကတော့ ကလေးက အန်ပဲအန်တာပါ ဒါပေမယ့် ရုတ်တရက် ပြီးဘာဖြစ်သွားမှန်း မသိပါဘူး..ည ၁၂ နာ ရီ လောက်ကျတော့ ရုတ်တရက်သွေးအန်ပြီး သေတာပဲ ..လို့ အံ့သြတကြီးလာပြောနေတဲ့ သူ့ချစ်သူ ဖြူသီကို ..ဖြူသီကလဲ သရဲတွေ ၀ိညာဉ်တွေဆို တကယ် ရှိတာမှ မဟုတ်တာ .. ဒိလိုပဲ တိုက်ဆိုင်တာနေမှာပဲလို့ မင်းနိုင် ပြန် ချေ ပ လိုက်ပါတယ်

ဖြူသီတယောက် duty ချိန် ပြီးလို့ အိမ်ပြန်ဖို့ ပြင်ဆင်နေ ရင်း အခန်းနံပါတ် ၀၀၀ကို ရောက်လာခဲ့ပါတယ်

ဟင် ကို မင်းနိုင် .. အခုထိမပြန်သေးပဲ ဘာရပ်နေတာလဲ ဧကန္တ စာအုပ်ဖတ်နေတာလား....ကို...လို့လှမ်းခေါ်နေချိန်မှာပဲ ဖုန်းဝင်လာခဲ့ပါတယ် .. ဟင် ကိုကို..နံပါတ် ပါ ဖြုသီတချက် တွေဝေ သွားခဲ့တယ် .. ဖြူသီ ကလဲ ကိုယ့်စောင့်နေတာကြာပြီ ဘာတွေလုပ်နေတာလဲလို့ကိုက ဖုန်းထဲက လှမ်းမေးနေ ပေမယ့် ဖြူသီက သူ့ရှေ့မှာ လဲ ကို ..ဒီခြောက်ခြားစရာအဖြစ်အပျက်ကြောင့် ဖြူသီ ထိတ်လန့်စွာနဲ့ အခန်းအပြငိကို ထွက်လာခဲ့ပါတယ်

ဒီလောက် အခြောက်အလန့်ကြမ်းတဲ့ အခန်းမှာလာတက်တဲ့ ကလေးမှန်သမျှဟာ သေမင်းနဲ့ဆုံတွေ့ကြရတာပါပဲ.. ဒါပေမယ့်ဆရာဝန်တွေဆိုတော့လဲ အာရုံသိပ်မစိုက်ဖြစ်ကြ။

သားလေးငိုသံကြောင့်ဖြူသိရောမင်းနီုင်ပါ ကိုယ့်အတွေးစတွေကို ဖြတ်တောက် ၇င်း သားလေးကို ဆေးရုံခေါ်လာခဲ့ကြပါတယ် .. သားလေး အခန်း နံပါတ် ၀၀၀ မှာ တက်ခွင့်မရပါစေနဲ့ လို့ရင်ထဲမှာ ပူလောင်စွာနဲ့ ဆုတောင်း၇င်းနဲ့ပေါ့ သူနာပြု ဆရာမ ရဲ့စကားဟာ ဖြူသိ၇င်ထဲကို ဓားနဲ့ ထိုးလိုက်ပါတယ် ... တခြားအခန်းတွေလဲ ပြည့်နေလို့ ဒီအခန်း ၀၀၀ ပဲ ရမယ်တဲ့ ..သူတို့လဲ ကံတရားကို ပုံအော်ပြီး သားလေးကို အဲ့ဒီအခန်းထဲမှာ ထားလိုက် ကြပါတော့တယ် ..ဆေးပုလင်းတွေ ချိတ် ဆေးတွေထိုးထားလို့ သားလေးက နည်းနည်းလေး သက်သာလာတော့မှ သူတို့ ၂ယောက် သက်ပြင်းချ နီုင်တော့ပါတယ်

ည ၁၂ နာရီ အမ ..အမ ကလေးက အ မော ဖောက် လာပြီး မြန်မြန်လာပါ ဦးလို့ လာခေါ်လို့ ငိုက်နေ ၇ာကနေ အမြန်ဆုံး သားလေးဆီကို လာခဲ့ကြပါတယ်

မင်းနိုင် တယောက် အမော ဖောက်လို့ ပင်ပန်းနေရှာတဲ့ သားလေးကိုကြည့် နေရင်း မှာပဲသားလေးက နှလုံး ခုန်ရပ်သွားခဲ့ပါတယ် ..ဒါပေမယ့် ရပ်နေတဲ့ နှလုံးကို နျလုံးခုန်စက်နဲ့ ခုန်အောင်လုပ်ဖို့တခြား ဆ၇ာဝန်တွေက ပြင်ဆင်နေချိန်မှာပဲ သူဟာ အခန်း အပြငိကို ထွက်လာခဲ့ပါတယ် .. သားလေးစိတ်ကြောင့် နွေခေါင်ခေါင်မှာတောင် သူခြေဖျားတွေ လက်ဖျားတွေက အေးစက်လို့ပေါ့။

၃ နှစ် အကြာ

အခုဆို သားလေး ထွက်သွားတဲ့ တတိယ မြောက် မိုးရာသီတောင် ရောက်လာခဲ့ပါတယ် သားလေးထွက်သွားတော့မှ သားလေး ရဲ့တန်ဖိုးကို ပိုနားလည်လာမိပါတယ်.. သူတို့ ရယ်မော ရခြင်းရဲ့အကြောင်း ဟာ သားလေး ရဲ့ချစ်စရာအမူအရာတွေ ကြောင့်ပါပဲ ..သားလေးကြောင့်စိတ်ပင်ပန်းတဲ့ ဒဏ်ကို မခံနိုင်တော့တာကြောင့် သူတို့၂ယောက် သာယာလှပ တဲ မေမြို့ကို ပြောင်းလာကြတော့တယ် ...။

မှတ်ချက် အဖေ နေမကောင်းစဉ်က အိမ်ကို ဆေးလာထိုးပေခဲ့သော ကလေးဆရာဝန် အန်တီ တယောက် ပြောပြခဲ့ သော ဖြစ်ရပ်မှန်ကို အခြေခံထားခြင်းဖြစ်ပါသည်။

ဆောင်းဧကရီ

Trackbacks

No Trackbacks

Comments

Display comments as Linear | Threaded

No comments

Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.

The author does not allow comments to this entry

Add Comment

BBCode format allowed
Standard emoticons like :-) and ;-) are converted to images.
E-Mail addresses will not be displayed and will only be used for E-Mail notifications.
Form options