ကဗျာ တစ်ပုဒ်
သက်ဆုံးထိတိုင် နောင်ဘ၀ထိ
ချစ်သက်လျာရေ
သိပ်ချစ်လွန်းလို့  မုန်းလိုက်ပြီ။ ။
ချစ်သက်လျာရေ
သိပ်ချစ်လွန်းလို့  မုန်းလိုက်ပြီ။ ။
ဇာတ်ဆရာ အလိုကျ
သိပ်ပျော်တာပဲ မပြောရဲဘူး
မှိုင်တွေချကာ
မျက်နှာသေနဲ့  နေရသည်လေ … ။
ငိုချင်လွန်းလို့ 
ဝဲတဲ့မျက်ရေ ခိုးဝှက်ကာဖြင့်
မျက်နှာကိုပင့် လည်တိုင်မော့လို့ 
ကျလုမျက်ရည် သုပ်သိမ်းကာဖြင့်။
ပျားရည်သုပ်လိမ်း အပြုံးလေးနဲ့ 
ချိုမြလွန်းစွာ ပြုံးပြခဲ့သည်
ခံစားချက်တို့  မြိုချကာဖြင့်
အများသူငှာ အားလုံးကိုလေ။
ခံစားချက်ရင်း စိတ်အမှန်ကို
ရင်ဖွင့်ချင်သည် ချစ်သူကြင်ရေ ……
သက်လျာမျှတမ်း ကြင်သူချစ်မျှ
ကြုံသမျှတို့  မျှဝေလိုလည်း ……။
မသိသလို မမြင်လေဟန်
ရှောင်ခွါပြုသည်
သက်ဝေကြင်သူ
ချစ်သူရယ်ကွယ်။
သြော် ………
ရက်စက်လွန်းသည် ပြောမထွက်တော့ပါ
ခံစားစိတ်ရင်း မြိုချလိုက်ပြီ
မပြောတော့ပါ မမျှတော့ဘူး
စိမ်းကားရက်သူ ချစ်သူရယ်လေ။
ကိုယ့်စိတ်ထင် ယုံကြည်မှုတို့ 
မှားခဲ့ပြီပေါ့
နောင်တတို့ လည်း မရပါဘူး။
သို့ ပေတည့်
သက်ဆုံးထိတိုင် နောင်ဘ၀ထိ
ချစ်သက်လျာရေ
သိပ်ချစ်လွန်းလို့  မုန်းလိုက်ပြီ။ ။
aye(၃၀-၈-၂၀၁၅)
Trackbacks
Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.
The author does not allow comments to this entry
Comments
Display comments as Linear | Threaded