ဝေလည်းမွှေး.. ကြွေလည်းမွှေး...
ရွှေနဲ့ခင်းတဲ့လမ်းမှာ လျှောက်မနေဘူး...
ဒါပေမယ့် ကိုယ့်လျှောက်မယ့်လမ်းကို ကိုယ့်ဘာသာဖောက်ပြီး ရဲဝံ့စွာလျှောက်တယ်...
စပယ်ပန်းလေးလို အခြံရံတွေ ပတ်ကာဝိုင်းပြီး ရွှင်ကြည်ချိုမြမနေဘူး...
ဒါပေမယ့် ခရေပန်းလို ဝေလည်းမွှေး ကြွေလည်းမွှေးတဲ့ စိတ်မျိုးနဲ့ ရှင်သန်တယ်...
အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးတွေကို တည်ငြိမ်စွာခံယူနိုင်လိုက်တာဟာ ရင့်ကျက်တည်ကြည်တာပဲ မဟုတ်ပါလား....
---------------------
"ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ"
"လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း"
မင်္ဂလာတရား အမှတ် (၃၅) ... နှင့် ပြည့်စုံအောင် ကျင့်ကြံသိမြင်နိုင်ကြပါစေ....

Trackbacks
Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.
The author does not allow comments to this entry
Comments
Display comments as Linear | Threaded