Skip to content

ချန်ထားခြင်း (သို့) ကျန်ရစ်ခဲ့ခြင်း

မွန်းကျပ်ပိတ်လှောင်ခြင်းများကို ကြင်နာစွာ ထုတ်အန်ခွင့်ပေးသော Ainmat.com ကိုအဆမတန်ကျေးဇူးတင် နှစ်လိုပါသည်။
"ရင်နဲ့မဆန့် ခံစားရတယ် အရူးမီးဝိုင်းဘဲ" ဆိုတာ အပြောသက်သက်မဟုတ်ဘဲ တစ်ကယ်နင့်နင့်စူးစူး ခံစားဖူးကြ မယ် ထင်ပါတယ်။ သေချာသိနေတာက ချန်ထားခဲ့ရသူက အလဲလဲအပြိုပြို နဲ့ .. ကျန်နေရစ်ခဲ့ရသူတွေထက်ကို အဆများစွာပို ဆိုးတယ်။
"မင်းရဲ့စိတ်၊ခန္ဓာကိုယ်တခုလုံး ငါ့နေရာကိုဆက်ခံမယ့်သူဆီ ရာနှုန်းပြည့်ပေးနိုင်လို့လား" နင့်ရဲ့စကားတွေ နင်တွက်ဆ တာတွေ သွေးထွက်အောင်မှန်လွန်းတယ်။ နင်ရဲ့ကျိန်စာလိုငါမတွက်ဘူး .. ငါရဲ့ ဝဋ်ကြွေးဘဲလို့ ငါခံယူရင်းပူလောင်တဲ့နေ့ များစွာကျော်ဖြတ်နေတယ်။ နင်သိနေပါတယ် ငါက ချန်ထားရစ်တယ် လိုဆိုနိုင်ပေမဲ့ခြင်း တစ်ကယ်တော့ ကြေကွဲနင့်သီးခြင်းများစွာနဲ့ .ကျန်ရစ်နေရသူပါ။
ငါ၏မျက်ရည်များ ..နင့်သီးရခြင်း တို့သည်သည် ငါ့နှလုံးသွေးမှ ချစ်ခြင်းမေတ္တာများနဲ့ စီးဆင်းလာသော မပျက်ယွင်းသော သစ္စာတရားများသာဖြစ်သည်။ ဤမှန်ကန်သော ခံစားချက်ကြောင့် ငါ၏ ချစ်မြတ်နိုး ရသောသူသည် စိတ်ချမ်းမြေ့စွာ ပူပန်ခြင်း ကင်းစွာ အေးမြငြိမ်းချမ်းမူ့ပြည့်စုံစွာ ဘဝ ကိုအဓိပ္ပါယ် လေးနက်စွာ နေထိုင်ရှင်သန် ပါစေသတည်း။

Trackbacks

No Trackbacks

Comments

Display comments as Linear | Threaded

No comments

Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.

The author does not allow comments to this entry

Add Comment

BBCode format allowed
Standard emoticons like :-) and ;-) are converted to images.
E-Mail addresses will not be displayed and will only be used for E-Mail notifications.
Form options