ကံကောင်းတဲ့အရီး
၁။ အလွန်ညစ်ပါတ်သောနေရာဖြစ်ပါသည် ။( ယင်ကောင် ခြင် အလွန်ပေါပါသည် )
ဒီလိုနဲ့ သူငယ်ချင်းအဖေသင်္ဂြိုလ် ပြီးပြီးချင်းပဲ(နာရေးကိစ္စ အစဆုံးအပြီး) ညနေငါးနာရီထိုးပါပြီ။
တစ်နေ့လုံးအသုဘကိစ္စ လုပ်နေယင်း အရီးဆီကိုစိတ်ရောက်ပြီးစိတ်ပူနေခဲ့တာကြောင့် ချက်ချင်းပဲ
အိမ်ပြန် ရေမိုးချိုးပြီးခေါင်းလျှော်ပြီးနောက် ပြည် ကိုသွားဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ညတွင်းချင်းပဲ
ဒဂုံအောင်လံ express နဲ့ တွေ့ရပြီပေါ့၊ Express သာဆိုတယ် မိုးရွာနေတဲ့အချိန်မိုးယိုတာတော့ဘယ်လို
ဘယ်သူဖြေရှင်းတာမှမတွေ့ရပါဘူး။ မိုးကလည်းသည်းမိုးသည်းသည်းမှာမိုးယိုတဲ့ လေအိတ်ကားနဲ့
သိပ်တော့မနိပ်လှဘူး။ဒါပေမယ့်ကိုယ့်အရေး နဲ့ကိုယ်ဆိုတော့လည်းမိုးယိုတာကိုသတိထားမိယုံလေးပါ
ဆိုရမလား အများသူငါလိုမသိချင်ယောင် ဆောင်ခဲ့မိသလားမသိခဲ့ပါ။သို့သော်မိုးယိုသည်ကိုတော့ဘာမှ
မပြောဖြစ်ခဲ့ပါ။ညနှစ်နာရီကျော်လောက်မှာ ပြည်မြို့ ရဲ့အဝေးပြေးကွင်းရှေ့ကိုရောက် ပါတယ် ။
တွေ့ပါပြီနဖူးတွေ့ဒူးတွေ့(ပြည်က-----------အထူးကုဆေးခန်းဆိုသည်မှာ)
၁။ အလွန်ညစ်ပါတ်သောနေရာဖြစ်ပါသည် ။( ယင်ကောင် ခြင် အလွန်ပေါပါသည် )
၂။သမားတော်ကြီးများ တော်ကြပါသည် ။( မှတ်ချက် - သူနာပြုများမှာသူနာပြုအစစ်များမဟုတ်ကြပါ
အများစုမှာ
သားဖွားသင်တန်း မှဆင်းသူများ ဖြစ်ပြီး လူနာများကိုမည်သို့ပြုစုရမည်ကိုနားလည်သူများ
မဟုတ်ကြပါ၊ အများစုမှာ ဂျူတီချိန်နှစ်ခုယူပြီး နေ့လည်ဖက်တွင်လည်းဟိုယောင်ယောင် ညဖက်တွင်
လည်းလူနာကိုပြုစုရန်မကြိုးစား အိပ်ဖို့ရန် အလွန်အားသန်လှသူများဖြစ်ကြသည်တခါတရံ
ထမင်းသွားစါးမည်ဟုအကြောင်းပြကာအဆောင်ပြန်ပြီးအိပ်နေတတ်ခြင်း)
၃။လူနာအများစုမှာ တော်တော်တောကျသောနေရာမှလာသူများဖြစ်ကြသည်( ဆေးရုံအုပ်ဆိုသူမှာ
အပေါက်ဆိုးသည့်အလျောက် မသိနားမလည်သူများကို အသက်ကြီးသူများဖြစ်စေကာမူ ဟောက်
ဟမ်းငေါက်ငမ်း ဆက်ဆံတတ်ခြင်း )
၎။ ဆေးထိုးသည့်အခန်း၊ ဆေးထည့်သည့်အခန်း အစရှိသောအခန်းများကို pay room များ အဖြစ်
အသွင် ပြောင်းကာ လူနာများပြေလည်စေရေးဖန်တီးတတ်နိုင်ခြင်း(ဥုံဖွ၊အပ်ချလောင်း ဆိုသည်
ထိုထိုဆေးခန်းမှဆရာများ ဆရာများအတွက် ထမင်းစားရေသောက်မျှသာဖြစ်ပါသည်။ ရောဂါပျောက်
မပျောက်တော့မသေချာပါ )
၅။ပစ္စည်းကိရိယာစုံလင်သည့်အလျောက် ရောဂါရှာဖွေချိန် ကြာမြင့်ကာ တလွဲတွေကုသတတ်ခြင်း (ဥပမာ-
လူနာမှာအစာအိမ်သွေးကြောပေါက်ကာသွေးအန်၍ရောက်လာသော်လည်း ပဏာမ ဆီးလမ်းကြောင်းတွင်
ပိုးဝင်သည်ဟုဆိုကာကုသခြင်း)
ထိုထိုအချက်လက်များမှာပဏာမ ဥပမာ များသာဖြစ်ပါသည် ထိုကိစ္စများမှာ ကျွန်တော် တစ်ရက်နှင့်တစ်ည
တိတိ ရှာဖွေတွေ့ရှိချက်များသာဖြစ်သည် ထို့ထက်ပိုသောအဖြစ်ပျက်ကောင်းများ ရှိလျှင်ရှိနိုင်သည်။
ထားပါတော့လေ ကျွန်တော်ရောက်သွားတော့ အရီးခွဲစိတ်ခန်းမှထွက်လာပြီ ကျွတော်စိတ်တော့
နည်းနည်းအေးရသည် ပြောချင်တာရှိသေးသည် အစာအိမ်သွေးကြောပေါက်သည့်လူနာကိုကုသသည့်
ကုထုံး ရှေးနည်းအရဆိုလျှင် သွေးထွက်သည့်ပမာဏအလွန်များ လျှင်ရေခဲအုံကာသွေးတိတ်စေရန်
ပြုလုပ်ပေးရသည် သွေးတိတ်သွားသည့်အခါတွင်လည်း ပူသည့် ကော်ဖီ အိုဗာတင်း လက်ဖက်ရည်
အစရှိသည်တို့ကိုကျွေးမွေးရန်မဆိုထားနှင့် (ရန်ကုန်တွင်ဆိုလျှင် အစာအိမ်တွင်းကြည့်မှန်ပြောင်းဖြင့်
ချက်ချင်းရောဂါရှာဖွေသည်) ရေခဲမုန့်လောက်သာကျွေးသင့်သော်လည်း သူတို့ အခေါ် စပယ်ရှယ်
နာ့စ် က အိုဗာတင်းဖျော်တိုက်သည် ထိုကိစ္စမှာ အလွန်ဆိုးရွားလှသော နောက်တစ်ခါ သွေးယိုစေရန်လှုံ့
ဆော်မှုဟုယူဆပါကမှားမည်မထင်ပါ။ဆေးရုံ ဆေးခန်းဆိုသည်မှာလူနာများ၏အသက်ကိုကယ်တင်သည့်
နေရာဖြစ်သော်ငြား မသိနားမလည်သူများကိုတာဝန်ပေးစေခိုင်းခြင်း များမှာ လူနာများ၏အသက်ကို ရန်ရှာ
သည်နှင့်တူသည်ဟုထင်ပါသည်။
နောက်အချက်တစ်ချက်ရှိပါသေးသည် လူနာများ၏အသက်အရွယ်ကြီးရင့်နေသဖြင့် လက်လျှော့
လိုက် သည် လက်လျှော့လိုက်ပါ ထိုစကားမျိုး မပြောသင့်ုထင်ပါသည်။ကျွန်တော် ရန်ကုန်တွင်လည်း
ဆီးနှင့်ကျောက်ကပ် ဆရာဝန်ကြီးတစ်ဦး( အငြိမ်းစား) ထိုစကားမျိုးပြောဖူးသည်ကိုနားနှင့်သေချာ ကြား
ဖူးထားသဖြင့် သစ္စာအဓိဋ္ဌာန်နှင့်မညီသောစကားကိုပြောသည်ဟုထင်ပါသည်။
ထိုမျှလောက်သောဆေးခန်းမျိုးတွင် အသက်ရှစ်ဆယ်ရှိကျွန်တော့အရီးအသက်မသေပါ ဆေးခန်း၏
luck ကြောင့်လား အရီးပဲကုသိုလ်ထူးသည်လားကျွန်တော်မပြောတတ်ပါ ။ သို့သော်ကျွန်တော်စိတ်အေး
ရပါပြီ ရှုပ်နေသောစိတ်များလည်းပိုရှုပ်ကာ ရှင်းမရတော့မဖြစ် .......ကျွန်တော်ယ္ခုရေးသားဖေါ်ပြချက်
များမှာပုဂ္ဂိုလ်ရေးအရ မပါပါ။ ကျွန်တော့ဘ၀မှတ်တမ်းတစ်ခု၏အစိတ်ပိုင်းတစ်ခုသာ........။

Trackbacks
Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.
The author does not allow comments to this entry
Comments
Display comments as Linear | Threaded
aye on :
အထူးကုဆေးခန်းနာမည်လေးတော့ သိချင်သား
ဘာရည်ရွယ်ချက်မှ မပါဘူးနော်
ဆောင်ရန် ရှောင်ရန် မှတ်ထားချင်လို့ပါ။