လမ်းပြအသျှင်သို့ ..........
ကျွန်တော် တရားရိပ်ပြန်ခိုလှုံဖို့ တိုက်တွန်းပေးခဲ့သော
ကျွန်တော်၏ ဆွေမျိုးအရင်းကြီးကို
ထာဝရပင်ကျေးဇူးတင်ရှိလျှက်....။
ကျွန်တော်၏ ဆွေမျိုးအရင်းကြီးကို
ထာဝရပင်ကျေးဇူးတင်ရှိလျှက်....။
ကျွန်တော် ဘယ်က လာသည်ကို မသိပါ။
ကျွန်တော် ဘယ်ကို သွားရမည်ကိုလည်း ကျွန်တော် မသိသေးပါ။
ကျွန်တော်၏ ပင်ကိုယ်စရိုက်က အတွေးသမား၊ တစ်ခါတစ်ရံ မိမိကိုယ်မိမိ ပြန်တွေးသည့် အခါများတွင် မိမိလိုချင်သော အရာဝတ္တုကို ကြိုးစားပါလျှက် မရရှိခဲ့သော အခါများတွင် ဝမ်းနည်းခြင်း၊ ပူဆွေးသောကများဖြင့် စိတ်ဝေဒနာများ အနာတရ ရခဲ့ဖူးသည်ချည်း။ လူလားမြောက်သည့် အချိန်မှစကာ မကြာသေးသော နှစ်ကာလဆီအထိ သည်သို့ ခံစားမြဲ၊ ခံစားခဲ့ရသည်။
သည်သို့ဖြင့် ငွေတော့ သူများတွေထက် လစာပိုရပါရဲ့။ မနေချင်သောနိုင်ငံ၊ မနေချင်သော အရပ်မှာ အသက်မွေးကြောင်း ပြုနေရသည်ကို တွေးကာ တစ်နေ့မှ စိတ်တွင် မပျော်ပိုက်ခဲ့။
အတိတ်ဆီသို့ ပြန်တွေးမိပြန်တော့..
မူရင်း တောင်ပုလုကျောင်းတိုက်မှာ ဓူတင်ကျင့်စဉ်ဖြင့် ရဟန်းဘဝ တရားစခန်းဝင်ခဲ့မိခြင်းကို သတိရပြန်သည်။ ဒီတုန်းက ကျွန်တော့်အသက် (၂၀)ကျော်အရွယ်။ ကျောင်းသားဘဝ လွတ်မြောက်စ။ ငယ်ရွယ်သူဘဝမို့ သူများတွေ ကားအသီးသီး ဝယ်စီးနေလျှင် ကိုယ်လည်းပဲ လိုချင် စီးချင်မိပြန်သည်။ သူများမိသားစုတွေ ခေတ်မှီတိုက်တွေနှင့် နေနေကြတာ တွေ့နေတော့လည်း သူများတွေလို နေချင်မိပြန်သည်။
လူငယ်သဘာဝပေမို့ လား။
စိတ်ထဲမှာသာရှိခဲ့သည်။ ငွေကိုဘယ်လိုရှာရမည်ကို မသိသေး။ ဘယ်လိုလုပ်လျှင် သည်လို ဘဝမျိုးတွေဖြင့် နေနိုင်မည်ကိုလည်း မသိသေးပါချေ။ သူတို့လို နေနိုင်ချင်လိုက်တာလို့သာ တွေးယုံမှအပ။
ကျွန်တော် ပြောပြချင်တာကတော့...
ဓူတင်တရားကျင့်စဉ်တွေနဲ့ မူလတောင်ပုလုကျောင်းတိုက်က ရိပ်သာစခန်း ပြန်ထွက်လာတော့ အမေက ကျွန်တော့်ကို သားကြီးရေလို့ခေါ်ပြီး အမေက တိုင်ပင်ဆွေးနွေးပါတော့သည်။ ဒီတုန်းက ကျွန်တော်တို့ မိသားစုအားလုံးက နယ်မှာပါ။ အမေကဘယ်လိုပြောလာသလဲဆိုတော့ " သား ရန်ကုန်က အမွေရထားတဲ့အိမ်ကို ခေတ်မှီတိုက်ကလေး ဆောက်မယ်၊ သားကြိုက်တဲ့ ကားကလေးတစ်စီးဝယ်ဖို့ စီစဉ်ပေးမယ်"လို့ ပြောလာသည့်အချိန်တွင် ကျွန်တော် လွန်စွာမှ ဝမ်းမြောက်ပီတိ ဖြစ်ခဲ့ရပါသည်။
ဘာလို့ဆိုတော့ ကျွန်တော့်အမေ ဒီလို လုပ်ပေးလိမ့်မယ်၊ ဒီလောက်ငွေအများကြီးရှိလိမ့်မယ်လို့ မထင်ခဲ့မိလို့ပါပဲ။
အမေက ကုန်သည်ဘဝကို အောက်ခြေမှစကာ ကြိုးစားရုန်းကန်ရင်းငွေရှာဖွေခဲ့ရသူမို့ နှမြောတတ်သူမို့ပေတည်း။ အမေကိုယ်တိုင်ပင် အစာငတ်ခံကာ ရှာဖွေထားသော ငွေတွေကို ခုလို အခွင့်အရေးမျိုး ပေးလာလိမ့်မည်လို့ မမျှော်လင့်ခဲ့လိုပါပဲ။
လိုချင်တာကို ဆုမတောင်းခဲ့ပေမဲ့၊ စိတ်ထဲမှာ ရှိတာတွေ ဖြစ်ခဲ့တာ၊ စိတ်ထဲမှာဖြစ်ချင်တာတွေရခဲ့တာ တရားရဲ့တန်ခိုးတွေပါလားလို့  ....။
ဒီနှစ်အစမှာ သောကတွေအများကြီးနဲ့ ကျွန်တော်ရင်ဆိုင်နေရချိန်မှာ မေ့ပျောက်နေသော တရားဘာဝနာ အလုပ်တွေကို ပြန်လုပ်ဖို့ တွန်းပို့ပေးခဲ့သူ ကျွန်တော့်ဆွေမျိုးအရင်းကြီးရဲ့စကားကိုနားထောင်ရင်း တရားနာ တရားထိုင် အမှုတို့ကို နေ့စဉ် ပြန်လုပ်လာမိပါတော့သည်။ မြောက်ဦးဆရာတော် ဘုရားရဲ့တရားတွေနဲ့ နေ့စဉ်လို အွန်လိုင်းမှတဆင့် နာယူ၊ တရားထိုင်ခြင်းဖြင့် သောက ရင်မှာ ငြိမ်းချမ်းလာပြီး ကျွန်တော့်ပင်ကိုယ်စိတ်တွေပါ နူးညံ့ပျော့ပျောင်းလာပါတော့သည်။
စိတ်ထဲမှာ ရယူလိုခြင်း သောကတွေလည်း ကင်းဝေးလာရပါပြီ။ သူဖြစ်လိုရာကိုပဲ ဖြစ်ပါစေတော့လို့ တရားရင်ဝယ်ပိုက်ရင်းဖြင့် တရားပွါးများစဉ် ကျွန်တော်တွေးနေမိသည်မှာတော့ "ကျွန်တော် ဘယ်ကလာသည်လဲ။ ကျွန်တော် ဘယ်ကိုသွားမည်လဲ။"ဆိုသည်ကိုပဲ တရားနှလုံးဖြင့် ဆင်ခြင်သုံးသပ် နေမိပါတော့သည်။
ကျွန်တော် တရားရိပ်ပြန်ခိုလှုံဖို့ တိုက်တွန်းပေးခဲ့သော ကျွန်တော်၏ ဆွေမျိုးအရင်းကြီးကို ထာဝရပင် ကျေးဇူးတင်ရှိလျှက်....။
လင်း။

Trackbacks
Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.
The author does not allow comments to this entry
Comments
Display comments as Linear | Threaded
aye on :
သိချင်တယ်ဟေ့
ssa29969 on :
ခင်မင်လျှက်
ချစ်သူမောင်