အမှား
မရှိတာကို အရှိထင်
မဟုတ်တာကို အဟုတ်ထင်
အထင်လွဲမှုတွေနဲ့ ဓမ္မာရုံ အတွေးတွေနှိပ်စက်တယ်။
လွဲမှားစွာ ယုံကြည်မိသူတွေ
သနားစရာလို့တွေးရင် သနားစရာပေါ့။
နူးညံ့တဲ့ခံစားမှုကို ခုံမင်
အတွေးကမ္ဘာမှာ ကြည်နူး
လက်တွေ့မှာ မဟုတ်မှန်း ထင်းထင်းသိရမှ
ဒေါသလှိုင်းထန်..
သြော်.. ဒီလိုနဲ့ပဲ အချိန်တွေကုန်ရပြီ...
ရှင်းရှင်းတွေးရင် ရှင်းရှင်းလေးလို့
ပြောမိတာ ကိုယ့်စကား
ရှုပ်နေတာ ကိုယ်ဟာကိုယ်ပဲမို့
ကိုယ့်ဝမ်းနာ ကိုယ်သာသိ။
Gtalk မှာ သူဝင်လေသလား ကြည့်တာထက်
အိပ်မက်မှာ စာရေးပြီး hit count ကြည့်တာမှ သာကောင်းလိမ့်မယ်
ငါ့ရဲ့အဖြစ်... ...
(ခင်ဖို့ကောင်းတယ်ထင်လို့ chat မိတာ ငါ့အမှား၊
ဘောလုံးပွဲလောက်မှ ကိုယ့်ကိုတန်ဖိုးမထားတဲ့သူကို စိတ်တိုမိတာက ငါ့အမှား၊
အလုပ်ချိန်မှာ Risk ယူပြီး ကဗျာရေးတာလည်း ငါ့အမှား)

Trackbacks
Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.
The author does not allow comments to this entry
Comments
Display comments as Linear | Threaded
ngashote on :
Ainmat... on :