ထမင်းဆီဆမ်း ရွှေလင်ပန်း
စကားတွေ ကတိတွေ ကြားခံမလိုဘဲ
အပြန်အလှန် အလိုလိုသိနေတဲ့
သိမ်မွေ့သော ယုံကြည်နားလည်မှု...
အပြန်အလှန် အလိုလိုသိနေတဲ့
သိမ်မွေ့သော ယုံကြည်နားလည်မှု...
မရနိုင်တာကို တောင်းတဲ့သူ
မဖြစ်နိုင်တာကို မျှော်လင့်တဲ့သူ
မရနိုင်တာ တွေးပြီးဝမ်းနည်းရင်း ဒေါသနဲ့အချိန်ကုန်နေမှာလား..
(လ၀န်းကြီးကိုငေးရင်း ထမင်းဆီဆမ်း ရွှေလင်ပန်းကို မျှော်တဲ့အဖြစ်.. ဆရာ တာရာမင်းဝေကို သတိရမိတယ်)
မျှော်လင့်မိတဲ့ လောဘဆန္ဒကို အပြစ်မြင်၊ အကျိုးရှိတာကို ဆက်လုပ်
(သီအိုရီကတော့ အဲလိုလာတယ်၊ လက်တွေ့မှာ အဲလောက်လွှတ်ချဖို့လွယ်ရင် ကောင်းသား)
Whereever you go, whatever you do...
I will be right here waiting for you...
ယုံကြည်တယ် အဲလိုလူမျိုး ရှိလိမ့်မယ်လို့
ရှိတော့ရှိတယ် ဒါပေမယ့်... ရှားတယ်...
စကားတွေ ကတိတွေ ကြားခံမလိုဘဲ
အပြန်အလှန် အလိုလိုသိနေတဲ့
သိမ်မွေ့သော ယုံကြည်နားလည်မှု...
ငြင်းခုန်မှုတွေ အထင်လွဲမှု ညှိနှိုင်းမှုတွေ ကင်းဆိတ်တဲ့၊
တဏှာရာဂနဲ့နှောင်ဖွဲ့ခြင်းထက် အဆများစွာ သာလွန်တဲ့
ငြိမ်သက်တဲ့ ချစ်ခြင်းမေတ္တာများနဲ့...

Trackbacks
Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.
The author does not allow comments to this entry
Comments
Display comments as Linear | Threaded