Skip to content

စိတ်ကူးအိပ်မက်နဲ့ လက်တွေ့ဘ၀... (၁)

လူတစ်ယောက်ကို ချစ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။
မိဘနဲ့ အခင်ဆုံးသူငယ်ချင်းတွေ အပါအ၀င်ပေါ့။
မချစ်တတ်လို့မဟုတ်ပါဘူး။
‘‘အချစ်’’ဆိုတဲ့ စကားလုံးကို ပါးစပ်ဖျားကနေ လွယ်လွယ်မပြောချင်လို့ပါ။
စိတ်ကူးအိပ်မက်နဲ့ လက်တွေ့ဘဝ

လူတစ်ယောက်ကို ချစ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။
မိဘနဲ့ အခင်ဆုံးသူငယ်ချင်းတွေ အပါအ၀င်ပေါ့။
မချစ်တတ်လို့မဟုတ်ပါဘူး။
‘‘အချစ်’’ဆိုတဲ့ စကားလုံးကို ပါးစပ်ဖျားကနေ လွယ်လွယ်မပြောချင်လို့ပါ။
ကိုယ်ဘယ်လောက် ချစ်တတ်တယ်ဆိုတာ ကိုယ့်ဘာသာ အသိဆုံးပါ။
ရုပ်ရှင်ဇာတ်လမ်း အထူးသဖြင့် ကိုရီးယားဒရမ်မာတွေဆို ကြိုက်မှကြိုက်ပဲ။

ငယ်ငယ်တုန်းက မြန်မာကားတို့ထုံးစံ မင်းသမီးတွေက အိနြေ္ဒကြီးကြတယ်လေ။ သူများတွေတော့ မသိဘူး။
ကိုယ်တော့ သူတို့ကို အားကျခဲ့တယ်၊ မြန်မာဆန်တာကြိုက်တယ်၊ အိနြေ္ဒရှင်ဖြစ်ချင်တယ်။
ဒါနဲ့ပဲ ဆန့်ကျင်ဘက်ဆိုရင် စေ့စေ့တောင် မကြည့်ခဲ့ဘူး။
ကျောင်းမှာ ကိစ္စရှိလို့ စကားပြောတာကလွဲရင် ယောက်ျားလေးသူငယ်ချင်းတောင် မထားဘူး။
ဟိုလူနဲ့စ ဒီလူနဲ့စ ဖြစ်မှာစိုးလို့ စနောက်စရာလုံးဝမရှိအောင်ကို ရှင်းအောင်နေတဲ့သဘောပါ။
ဒါပေမယ့် မပြောမဆိုရဲမဖြစ်ပါဘူး၊ မကြောက်ပါဘူး။ တက္ကသိုလ်မတက်ခင် လုပ်ငန်းခွင်ဝင်တော့ ဘယ်သူ့ကိုမဆို ပုံမှန်ဆက်ဆံတတ်ပါတယ်။ Peon ကနေ MD, Chairman အထိပါပဲ။ ကိုယ့်သိက္ခာနဲ့ကိုယ်ပဲလေ။ လုပ်ငန်းခွင်ဆိုတော့ လွယ်လွယ်နဲ့လည်း စနောက် စရာမှမရှိတာ။

ယောက်ျားလေးတွေနဲ့ ခပ်ကင်းကင်းနေဖို့ ကျွန်မအတွက်နည်းနည်းမှ မခက်ခဲခဲ့ပါဘူး။ ရှင်းပါတယ်၊ ကျွန်မက မချောဘူးလေ။
ဘယ်လောက်မချောတဲ့သူပဲဖြစ်ဖြစ် လိုက်တဲ့သူတော့ ရှိမှာပေါ့လေ။ ဒါပေမယ့် ကျွန်မရဲ့ခံယူချက်က.. ကျွန်မရဲ့သမိုင်းမှာ တတ်နိုင်သလောက်အမည်းစက်ကင်းအောင်နေမယ်၊ ပျော်ချင်ရုံသက်သက်နဲ့တော့ စိတ်အလိုလိုက်ပြီး ရည်းစားထားတာမျိုးမရှိစေရဘူး။
တစ်ဘက်က signal ပြတာကို ကိုယ့်ဘက်ကပြန်မပြရင် ဇာတ်လမ်းရှည်စရာအကြောင်းသိပ်မရှိဘူးလေ။ အကြောင်းကတော့.. ၁)ကျွန်မက အသည်းခိုက်စွဲရလောက်တဲ့ ရုပ်ရည်ပိုင်ရှင်မဟုတ်ဘူး၊ တခြားဆွဲဆောင်မှုထူးထူးခြားခြားလည်းမရှိပါဘူး ၂)သူတို့ကလည်း ကိုရိးယားတို့ ထိုင်ဝမ်တို့ ဒရမ်မာကားထဲကမင်းသားတွေလို reason မရှိပဲ ကောင်မလေးတယောက်ကိုကြိုက်တာမဟုတ်လို့ပေါ့။ (ကျွန်မပဲ ဒရမ်မာရူး ရူးနေတာဖြစ်နိုင်ပါတယ်၊ အပြင်မှာတော့ reason တစ်ခုခုတော့ ရှိကြမှာပါ)

ပြောကြကြေးဆိုရင်တော့... တက္ကသိုလ်တုန်းက ကျွန်မကို နည်းနည်းပါးပါး signal ပြဖူးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ မိန်းကလေးတစ်ယောက်ကို အိနြေ္ဒပျက်လောက်တဲ့အထိ မနှောင့်ယှက်တတ်ကြတဲ့အတွက်ပါ။ ကျွန်မ Uniတက်တုန်းက ပျော်ခဲ့ပါတယ်။ ငါတို့ကျောင်းမှာ ဆိုးဆိုးဝါးဝါးကောင်တွေမရှိဘူးလို့ ဂုဏ်ယူပြီးပြောခဲ့ပါတယ်။

မှတ်မှတ်ရရ အဲဒီတုန်းက တစ်ယောက်ကကျွန်မနဲ့လူမျိုးချင်းမတူလို့ ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် မတုန့်ပြန်ခဲ့တာပါ။ နောက်တစ်ယောက်ကတော့ လက်ခံနိုင် စိတ်ပါသွားနိုင်တဲ့အတွက် တမင်တကာ ဆက်ဆံရေးကို freeze လုပ်ခဲ့တာ။ အထက်တန်းထိကျောင်းနေဘက် အကြောင်းသိဆိုပေမယ့် သူနိုင်ငံခြားမှာစာသွားဖတ်တဲ့နောက်ပိုင်း ဘယ်လိုလဲဆိုတာ မသိဘူးလေ။ မရေရာ မသေချာဘဲနဲ့ စိတ်အလိုမလိုက်ချင်ပါဘူး။ ‘‘မယုံကြည်ဘူး’’

ပြန်တွေးကြည့်ရင် ရယ်စရာတစ်ခုကတော့.. ကျွန်မကသာ ကိုယ့်ကိုကိုယ် အိနြေ္ဒသိက္ခာစောင့်စည်းခဲ့တာပါ။
အပြင်လူ့လောကက ဘယ်သူကမှ ကျွန်မကို အိနြေ္ဒရှိလိုက်တာလို့မပြောဖူးပါဘူး။ ကျွန်မ အနေတည်တယ်၊ ကြည့်လိုက်ရင် မာနကြီးတယ်ဆိုတဲ့ မှတ်ချက်မျိုးပဲ သူငယ်ချင်းတွေဆီက ရဖူးလေရဲ့။ အိနြေ္ဒဆိုတဲ့စကားလုံးက ရုပ်ရှင်ဇာတ်လမ်းထဲမှာသာ ဖောဖောသီသီသုံးတာပါ၊ အပြင်မှာ မကြားဖူးသလောက်ပါပဲ။

Trackbacks

No Trackbacks

Comments

Display comments as Linear | Threaded

ngashote on :

ဆက်ပါအုန်းစိတ်ဝင်စားစရာကောင်းတယ်

aye on :

ပြီးတော့ ဘာဆက်ဖြစ်သလဲဟင် !

Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.

The author does not allow comments to this entry

Add Comment

BBCode format allowed
Standard emoticons like :-) and ;-) are converted to images.
E-Mail addresses will not be displayed and will only be used for E-Mail notifications.
Form options