Skip to content

အိုးသည်လန်း၏ သူခိုးသည်ငမ်း၏

အိုးသည်လန်း၏
သူခိုးသည်ငမ်း၏
သို့သော် ဘ၀သည် မရွှမ်းသဖြင့်
ရင်ဘတ်ကြီးသာ တဂျမ်းဂျမ်းမြည်ရင်း
ကျန်ရစ်ဖြစ်ရရှာလေသည်။
(မှတ်ချက်။ ။အကြည့်သူခိုးကို ဆိုလိုရင်းဖြစ်သည်)

မောင်နေနန်းတော်မိုးယံမြင့် နဲ့ မအိမ်သူဝဠာထက်

နေနန်းတော်။ ။ဆရာကြီး မိန်းကလေးတွေက ဘာလို့ သည်လောက်တောင် လန်းပြီး ဆွဲဆောင်မှုတွေ ရှိနေရတာလဲဟင်
ဆရာကြီး။ ။ဪ ဒါကတော့ မင်းတို့တွေ ကြိုက်လာအောင်လို့ပေါ့ကွယ်
နေနန်းတော်။ ။ဒါဆို သူတို့တွေက လှသလောက် ဘာလို့ အသိဥာဏ်မဲ့ပြီး ဆင်ခြင်တုံတရား မရှိရတာလဲ
ဆရာကြီး။ ။ဒါကြောင့်လဲ မင်းတို့လို ကောင်မျိုးတွေကို ပြန်ကြိုက်နေတာပေါ့
နေနန်းတော်။ ။ဂိန် ဂိန် (အသံမထွက်ပဲ ရင်ဘတ်ကြီးထဲမှ အော်မြည်သံ)
ဆရာကြီး။ ။မောင်နေနန်းတော် မိန်းကလေးတွေကို သံပုရာသီးလို့ထင်နေရင် မင်း သံပုရာသီးစစ်စစ် ဖြစ်နေပြီလို့သာ မှတ်ထားတော့၊ ကဲ ငါလဲ မအားသေးဘူး ထမင်းအိုးလေးတည်ထားတုန်း အဝတ်သွားလျှော်လိုက်ဦးမယ်။

Categories : Jokes , Comments :

ဘွဲ့တံဆိပ်များပိုင်ရှင်

“ဦးရဲ့ ရင်ဘတ်မှာ ဘွဲ့တံဆိပ်သုံးခုတပ်ထားတာကို မြင်ပါတယ်၊ ဘာအတွက် ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံရတာလဲဟင်”
“တတိယ တံဆိပ်ကတော့ အရင်က တံဆိပ် နှစ်ခု ရထားပြီးသူဖြစ်လို့ ထပ်ပေးတာပဲ၊ ဒုတိယတံဆိပ်ကတော့ ပထမတံဆိပ် ရှိပြီးဖြစ်လို့ပဲ၊ အဲ ပထမတံဆိပ်ကတော့ ဘာမှမရသေးလို့ ပေးတာပဲကွယ်”

Categories : Jokes , Comments :

မှုန်ကုတ်နှင့် မညားခင်ကျားအရှင်ဖမ်းရမဲ့ ဒါးနားယားသိုင်းကွက်ကြီး

“သမီး သူ့ကို လက်မထပ်ချင်တော့ဘူးမေမေရယ်၊ သည်လောက်မျက်နှာရူးပြီး သူ့ ကြည့်လိုက်ရင် အမြဲတမ်းကို ပြောင်ချော်နေတာဘဲ ဘာကိုမှအလေးအနက်မထားဘူးမေမေရဲ့”
“မရတော့ဘူးသမီးလေး လူငယ်ချင်း ချစ်ခဲ့ကြလို့ လူကြီးတွေက စီစဉ်ခဲ့ကြတာလေ မျက်နှာရူးအတွက်ကို စိတ်မပူနဲ့သမီး မေမေတို့အိမ်မှာလာနေလိုက်တာနဲ့ သူ့ရဲ့အပျော်တွေအားလုံး ပျောက်ဆုံးသွားဖို့က မေမေတာဝန်ယူတယ် သမီးလေးရဲ့ခဲအိုကိုကြည့်လိုက် အခုဆို နေ့တိုင်းမျက်ရည်နဲ့မျက်ခွက်ပဲလေ”
မှတ်ချက်။ ။ ၂၀၀၉ မေလ တုန်းက တင်ခဲ့ဖူးတဲ့ စာလေးပါ။

တနယ်ခြားသိုင်းသမား နဲ့ ဆိတ်လဇိသိုင်းကွက်

ဝေးရပ်မြေကနေ သည်နေရာကိုရောက်လာမှတော့ အချဉ်မဟုတ်ဘူးဆိုတာ သည်ကောင်တွေ သိဖို့
ကောင်းတယ်၊ တနယ်ခြားသိုင်းသမားပဲလေ၊ စက်ခလုတ်နှိပ်သိုင်းကွက်ကလည်း ကျွမ်းသလား
မမေးနဲ့၊ တွေ့ရာမြင်ရာ အကုန်နှိပ်လွှတ်လိုက်မယ်။

ဓါးခုတ်ပြိုင်ပွဲ

ပျင်းတာနဲ့ ဟာသအတိုလေးတွေစုထားတဲ့ စာအုပ်တစ်အုပ်ဖတ်မိတာ ရယ်ရလို့ တစ်ချို့ကို ကူးပြီး ပြန်မျှလိုက်တာပါ
အပျင်းတော့ပြေမယ်ထင်ပါတယ်

ကြောက်သလားတော့ မမေးနဲ့


တစ်ခါက ရပ်ကွက်တစ်ခု၌ မိန်းမကြောက်ရာတွင် နာမည်ကြီးသော လူသုံးဦးရှိပါတယ်
တစ်ရက်တွင် ၎င်းတို့၏မိန်းမသုံးဦးစလုံး ခရီးထွက်သွားကြသဖြင့် လွတ်လပ်ရေးရပြီဆိုကာ
လ္ဘက်ရည်ဆိုင်တွင် ထိုင်မိကြစဉ် အကြောင်းသိနေကြသော လူများက မေးမြန်းကြသဖြင့်