Skip to content

အပြုအဖျက် ဤနှစ်ချက်ကို.......

စေတီတော်အား လက်ယာရစ်ပတ်၍ ဖူးမြော်ကြည်ညိုရင်း လျှောက်လှမ်းလာခဲ့ရာ ရင်ပြင်တော် တစ်နေရာအရောက်တွင် ဆုတောင်းသလို လို၊ မန္တန်ရွတ်သလိုလို ထူးခြားသောလေယူလေသိမ်းဖြင်...

ဧည့်သည်

ဆရာတော်ကြီးတစ်ပါးရဲ့ တရားသံပေါက်ကဗျာလေးပါ။ ငယ်ငယ်က မိဘတွေနဲ့ ဘုန်းကြီးကျောင်းသွား သီလယူကြတော့ ကျောင်းထိုင်ဆရာတော်တိုင်ပေးတာ လိုက်ဆိုရင်းနဲ့အလွတ်ရနေတယ်။ တရားသံဝေဂရစရာ ကဗျာလေးပါ။ ဖတ်လေ၊ တွေးလေ၊ အရသာရှိလေပါပဲ။

မြတ်နိုးဖွယ်ရာ ဝေဖန်ပါ

ယခုခေတ်ကြီးမှာ နေရာတကာ ဝေဖန်ရေးဆရာတွေ သိပ်ပေါတယ်။ ဒါပေမယ့် ဝေဖန်မှုတစ်ခုသာရှိပြီး ယုံကြည်မှု သဒ္ဓါတရားမပါလျှင် မိစ္ဆာသဘောတရားတွေ ကိန်းနေတတ်တယ်။
ယုံကြည်မှု သဒ္ဓါတရားလည်း အားကောင်းတယ်၊ ချင့်ချိန်ဝေဖန်မှု အသိဥာဏ်ပညာလည်း ကြွယ်ဝတယ်။ အဲဒီလို သဒ္ဓါ၊ ပညာ နှစ်ဖြာမျှတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ဖို့

သူကန်းတစ်သိုက် စဉ်တန်းလိုက်သို့

ဒီအတိုင်းဆို ခင်ဗျားတို့က ဒီရုပ်တုရှင်ရဲ့ ကိုယ်ကျင့်သီလ၊ သမာဓိ၊ ပညာအဆင့်ကိုလည်း ဘာမှမသိဘဲ ပူဇော်စရာ ပုဂ္ဂိုလ်တစ်ဦး လို့ သတ်မှတ်ကြတာကိုး၊ လည်ပင်းမှာ ပုတီးချိတ်ထားတာမြင်တိုင်း သူတော်စင်လို့သတ်မှတ်ကြမယ်ဆိုရင်တော့

အမှန်ကိုသိမှ အကျိုးရှိမည်

ကျွန်တော့်ကို မေးရမယ့်ကိစ္စမဟုတ်ဘူး ကိုလင်းရဲ့၊ ခင်ဗျားမှာလည်း မွေးရာပါဦးနှောက်ကြီးတစ်ခုလုံး သန်သန်စွမ်းစွမ်းရှိ နေရဲ့သားနဲ့ဗျာ၊ ခင်ဗျာ့ဦးနှောက်က ပန်ကာအောက်မှာအနေကြာလို့ ဈေးအကြီးဆုံးဖြစ်သွား ပြီလားတော့ မပြောတတ်ဘူး

အနာဂတ်ကိုသိလိုသော်

ဆရာကြီးရယ် ဒီယတြာထက်အကုန်သက်သာမယ့် တခြား ယတြာ တစ်ခုခုနဲ့ အစားထိုးလို့မရဘူးလား၊ ကျွန်တော်တို့က ၀န်ထမ်းတွေဆိုတော့

သံတူကြောင်းကွဲ သတိပြုပါ

တစ်ခါတုန်းက အမှုမဲ့အမှတ်မဲ့နမော်နမဲ့နေတတ်ပြီး ကိုယ်ခန္ဓာကြုံလှီသေးကွေးတဲ့ ဘုရင်ကြီးတစ်ပါးရှိသတဲ့၊ အဲဒီဘုရင်ကြီးမှာ တောင့်တင်းသန်မာလှတဲ့ မြင်းဖြူကြီး အထီး၊အမ တစ်စုံရှိတယ်။ ဘုရင်ကြီး တောကစားထွက်တဲ့ အခါ မြင်းထီးကြီးကိုစီး ပြီးထွက်လေ့ရှိ သတဲ့၊ အဲ တစ်နေ့

သဏ္ဌာန်လှစ်၍ အနှစ်ကိုရှာပါ

အာဇာနည်နေ့အထိမ်းအမှတ် ချီတက်အလေးပြုဖို့လာကြတဲ့လူအုပ်ကြီးကို ဦးဆောင်တဲ့လူကရှေ့ကနေ 'အာ ဇာနည် ခေါင်းဆောင်ကြီးများကို အလေး......ပြု'လို့လည်း အမိန့်ပေးလိုက်ရော လူအုပ်ကြီးက တညီတညွတ်တည်း အလေးပြုလိုက်ကြ တယ်ဗျ၊ အဲ....သတ်မှတ်တဲ့ မိနစ်ပိုင်းလည်းစေ့ရော ဦးဆောင်တဲ့လူက 'နေမြဲ'လို့ တစ်ခွန်းတည်း အမိန့်ပေးရမယ့်အစား သူက - 'နေမြဲ၊ စားမြဲ၊ခိုမြဲ၊ ကပ်မြဲ ခါတိုင်းလိုပဲ ဆက်လုပ်ကြ' ဆိုပြီးအမိန့်ပေးသွားပုံကို

ပန်းတိုင်ချင်းမတူပါ

"ငါ့ပတ္တမြားကြီး သူများတွေ လာလုလေမလား၊ ခိုးသွားလေမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ထိန်းသိမ်းထားနေရချိန်မှာ အဖြစ်မှန်ကိုသိတဲ့ လူတစ်ယောက် ရောက်လာပြီး 'စိုးရိမ်မနေပါနဲ့ဗျာ၊ ခင်ဗျားရဲ့ပတ္တမြားက အစစ်မဟုတ်ပါဘူး၊ အတုကြီးပါ၊ ဘာမှမက်လောက်စရာ မရှိပါ ဘူး'လို့ လာပြောရင် ..

အလှမ်းကျယ် အလယ်မလပ်ကြစေဖို့

'ဒါဆို ခင်ဗျားက ကံ-ကံရဲ့အကျိုးကို ယုံကြည်ဖို့ကိစ္စမှာ ဘာလို့ အတွန့်တက်ချင်နေရတာတုံး၊ အတော်ပါပဲ၊ တလောကဖတ် လိုက်ရ တဲ့ဆောင်းပါးတစ်ပုဒ်ထဲက ဗုဒ္ဓ၀ါဒနဲ့ပတ်သက်ပြီး ကျွန်တော်ကြိုက်တဲ့ စာသားလေးတွေကူးထားတဲ့ စာရွက်ပါလာတယ်၊ ဒါဖတ်ပြမှ ခင်ဗျားအမြင် ကြည်လင်သွားမယ်'