အချစ်ဆိုတာ လက်ဝှေ့ကြိုးဝိုင်းတစ်ခုဆိုရင် ခြေလက်တွေအတုပ်ခံထားရက်နဲ့ ဝင်ယှဉ်ခဲ့ဖူးတယ် အဖြေကတော့ အလဲလဲအကွဲကွဲ အသက်နဲ့မလဲလိုက်ရတာ ကံကောင်းလို့။
Author : Ko Ko Gyi -
အိုးသည်လန်း၏
သူခိုးသည်ငမ်း၏
သို့သော် ဘ၀သည် မရွှမ်းသဖြင့်
ရင်ဘတ်ကြီးသာ တဂျမ်းဂျမ်းမြည်ရင်း
ကျန်ရစ်ဖြစ်ရရှာလေသည်။
(မှတ်ချက်။ ။အကြည့်သူခိုးကို ဆိုလိုရင်းဖြစ်သည်)
Author : Ko Ko Gyi -
လှပတဲ့ပန်းပွင့်လေးရေ
တစ်ဦးထဲပြိုင်ရတဲ့ပွဲမှာ
တစ်ယောက်ထဲရှုံးနေရတာထက်စာရင်
ရူးနေတာပဲ ကောင်းပါတယ်။
( အိပ်မက်ကိုမြင်တော့ မနေနိုင်လို့ ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို ပြန်တင်လိုက်မိပါတယ် )
Author : Ko Ko Gyi -
လွန်ခဲ့တဲ့ သုံးနှစ်လောက်က ငါတို့ ထင်ရာတွေ လက်စွမ်းပြခဲ့တဲ့ နေရာမှာ ဘာတွေလာရေးထားတာလဲ ငါကတော့ ဖတ်လဲမဖတ်ဘူး ဖတ်လဲမဖတ်ချင်ဘူး နားလည်မှာလဲမဟုတ်ဘူး၊ ရေးကြပါဦး မြန်မာသူငယ်ချင်းအပေါင်းတို့
မကြာမီလာမည် ex Technical Advisor’s Analysing Sustainable Technique of MokeHinKhar ဟာသ